မိန်းကလေးတွေက ချစ်ဖို့နိုးကြွား နေချိန်မှာ
ယောက်ျားလေးတွေက ကျော်စောမှုအတွက် အိမ်မက် မက်နေကျတယ်--
(လော့တင်နီဆန်)
Man dreams of fame while woman wakes of love.
(Lord Tennyson)
Saturday, March 21, 2009
JOKE
ဓားပြ။---------။ကဲ အသက်သေခံမလား ငွေထုတ်ပေးမလား
ဘယ်ဟာလုပ်မလဲ မြန်မြန်ပြော။
အိမ်ရှင်။------။ အသက်လိုချင်ရင် ယူသွားပါမောင်ရင်ရယ်။
လောကမှာငွေမရှိရင် ဘယ်လိုလုပ်အသက်ရှင် နေနိုင်ပါ့မလဲ။

ဦးရေပြားဗောက်ထခြင်း
ဦးရေအဆီပြန်သူများ စိတ်ဖိစီးမှုများသူများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည့် ဦးရေပြားဗောက်ထခြင်းများသည် သာမန် အဆင့်တွင်လွယ်ကူစွာ ကုသနိုင်ကြောင်းသိရသည်။
ထိုဦးရေတွင်ဖြစ်သောဗောက်များ မှာ Dandruft ဟုအသိများ သော နှင်းခူအပျော့စားဖြစ်ပြီး အရေပြားမှိုတစ်မျိုးကြောင့် ဖြစ်ပေါ် လာရခြင်းဖြစ်သည်။
တချို့က ကုတ်လိုက်ရင် ဗောက်တွေအဖွေးသားကျလာတာမျိုး၊ တချို့က ပုံမှန်ခေါင်းဖီးမှ ဗောက်ဖက်သေးသေးလေးတွေ ပါလာတာမျိုးရှိကြတယ်။ထိုသူများသည် ဇင့်(Zinc)ဓာတ်အပါအ၀င် အာဟာရချို့တဲ့သူများတွင် ဖြစ်တတ်သည်။
ဇင့်ဓာတ်နှင့် ဆယ်လီနီယမ်ဓာတ် ပါသောသန့်စင်ထားသည့် ကတ္တရာဓာတ် အနည်းငယ်ပါဝင်သော (Tar Shampoo) များဖြင့်လည်း ပျောက်ကင်းအောင် ကုသနိုင်သည်။
အဓိကတော့ ဗောက်ပြန်မထအောင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့နဲ့၊ခေါင်းကိုတစ်ပတ်ကိုတစ်ကြိမ်လောက် အနည်းဆုံးလျှော်ပေးရပါမယ်။
အဲဒါမှမသက်သာဘူး နှင့်ခူပုံသဏ္ဌာန်မျိုးအထိ ဆိုးဆိုးဝါးဝါးဖြစ်လာရင်တော့ ကျွမ်းကျင်ရာဆရာဝန် တွေနဲ့ ပြသသင့်ပါတယ်။