၁။ ကော်ဖီမှုန့်ကလဲမခေဘူးနော်
နှပ်ပြီးသားကော်ဖီမှုန့်တွေကို မလွှင့်ပစ်ပါနဲ့။ အခြောက်လှန်းထားလိုက်ပါ။
ပြီးရင်မီးဖိုချောင်သုံးပစည်းတွေကိုဆေးကြောတဲ့အခါမှာသုံးပါ။
အရောင်တောက်ပြောင်လာတာကိုတွေ့ရပါမယ်။
၂။ ပောာင်းရာက သစ်လာမယ့်ကော်ဇော
ကြမ်းခင်းကော်ဇော ညစ်ပတ်ပြီး အစွန်းအကွက်တွေ ထင်လာခဲ့ရင် လွှင့်ပစ်ချင်စိတ်ပေါက်လာပါလိမ့်မယ်။
လွှင့်မပစ်ခင်တချက်လောက်ကြိုးစားကြည့်ပါဦးလား။ အစွန်းအကွက်တွေနေရာကို အာလူးစိမ်းနဲ့လိုက်ပွတ်ပါ။
ပြီးရင် ပူနွေးစိုစွတ်တဲ့ အ၀တ်တခုနဲ့သုတ်ပစ်ပါ။ သင့်ကော်ဇော အသစ်လိုပြန်ဖြစ်သွားပါလိမ့်မယ်။
၃။ ဆီသုတ်နည်းအမှန်ဆိုတာ
သော့ခလောက်သံချေးတက်ပြီးဖွင့်ရပိတ်ရခက်လာတဲ့အခါ ဆီထည့်ရင်ပြန်ကောင်းလာတယ်လို့ပြောကြတယ်။
ဒါပေမဲ့ အဲ့ဒီဆီကသော့ခလောက်မှာထည့်ရမှာလား၊ သော့တံကိုသုတ်ရမှာလားဈ မမှားစေချင်ပါဘူး။
အမှန်က သော့တံကို ဆီသုတ်ရမှာပါ။ မယုံရင် စမ်းသပ်ကြည့်နိုင်ပါတယ်။
၎။ ဆားမရှိရင်ဂျင်းမစိမ်ပါနဲ့
ဂျင်းဘောင်းဘီတွေ၊ ဂျင်းအင်္ကျီတွေကိုလျှော်ပြီးလို့ ခြောက်သွေ့တဲ့အခါ ၀တ်ကြည့်ရင် မာခေါက်ခေါက်နဲ့မို့ အသားကိုရှစေပါသလား။
အဲ့လိုမဖြစ်ရအောင် လျှော်တဲ့အခါဆပ်ပြာမှုန့်နဲ့ မစိမ်ခင် ဆားတစ်ပန်းကန်ထည့်ဖျော်ထားတဲ့ ရေထဲမှာ အရင်စိမ်ပေးရပါမယ်။
၅။ ဆံပင်နက်နက်လေးနဲ့
ဆံပင်အတွက် အကောင်းဆုံး Conditioner ကိုပြောပြပါရစေ။
ကြက်ဥတစ်လုံးကိုခွဲ၊ အနှစ်ကလေးတွေပဲယူပြီး လက်ပေါ်မှာတင်၊ ပြီးတော့ ခေါင်းပေါ်တင်ပြီး ဆံပင်ရင်းထဲရောက်အောင်သေချာပွတ်ပေးပါ။
ဆယ်မိနစ်လောက်ကြာရင် ခေါင်းလျှော်ချလိုက်ပါ။ ဆံပင်တွေတောက်ပနက်ပြောင်လာပါလိမ့်မယ်။
ကြက်ဥအနှစ်ပာာ ဆံပင်အတွက် အလိုအပ်ဆုံး ပရိုတင်းဓာတ်ကို ပေးစွမ်းနိုင်တယ်လေ။
၆။ ဆံပင်လေးနက်မှောင်နေအောင်
ဆံပင်ကို သဘာဝအတိုင်း နက်မှောင်စေချင်ရင်နို့ချဉ်ကို ခေါင်းဦးရေမှာနှိပ်နယ်ပြီး လိမ်းပေးရပါမယ်။
ဆံပင်ကိုလဲလိမ်းပေးရပါမယ်။တစ်နာရီလောက်ကြာပြီးတဲ့အခါမှာခေါင်းပြန်လျှော်ပစ်ရပါမယ်။
၇။ ချွေးကွက်အတွက်ဆေးတစ်လက်
Analgesin ဆေးပြားပောာင်းတွေသောက်ရမဲ့ရက်လွန်ပြီး Expire ဖြစ်နေရင် လွှင့်မပစ်ပါနဲ့။
ချိုင်းချွေး ထွက်လို့ အင်္ကျီမှာ စွန်းထင်းပြီး စွဲနေတဲ့ ချွေးကွက်တွေကို ဒီဆေးပြားတွေနဲ့ ပွတ်တိုက်လျှော်ပစ်ရင်
သန့်ရှင်းပြီးတော့ တောက်ပြောင်မှာ ဧကန်ပါ။
၈။ မင်စွန်းတွေဖျက်ကြရအောင်
အ၀တ်အထည်တွေကို မင်စွန်းသွားခဲ့ရင် သွားတိုက်ဆေးနဲ့ သုတ်လိမ်းလိုက်ပါ။
သွားတိုက်ဆေးခြောက်သွားတဲ့အခါ နို့အနည်းငယ်၊ ဆပ်ပြာ၊ ရေခဲရေတို့ကိုသုံးပြီးလျှော်လိုက်ပါ မင်စက်တွေပျောက်သွားပါလိမ့်မယ်။
တူဒေးအယ်ဒီတာအဖွဲ့၏ အချိန်ကုန်ငွေကုန်သက်သာစေဖို့ စာအုပ်မှ ကူးယူဖော်ပြပါသည်။
Monday, November 28, 2011
ကြယ်
လွယ်လွယ်လေး
Subscribe to:
Posts (Atom)