Friday, March 20, 2009

နှလုံးသားချင်းဆက်ဆံပါ

မျက်လုံးချင်းဆုံမိသည့်အခါ တစ်ဖက်သား၏အကြည့်ကိုဖမ်းယူထားပါ။မမှိတ်မသုန်ကြည့်နေသောမျက်လုံးသည် Phenyle-thylemine ဟော်မုန်းထွက်ပေါ်လာစေတတ်သည်။
ရင်းရင်းနှီးနှီး စကားပြောပါ။စကားပြောလျှင် ” ကျွန်တော် ” ” ကျွန်မ ” စသည်ဖြင့်မသုံးပဲ ” ကျွန်တော်တို့ ” ” ကျွန်မတို့ ” စသည်ဖြင့် ပြောဆိုသင့်သည်။
သူတစ်ပါး ပြဿနာနှင့် ခံစားချက်ကိုသိနားလည်ထားပါ။

နှလုံးသားချင်းဆက်ဆံပါ

ချွင်းချက်မဲ့ မေတ္တာမျိုးသည်သာ ပေးသူနှင့် လက်ခံသူ နှစ်ဦးစလုံး၏ နှလုံးသားကို ပွင့်လင်းစေနိုင်ပါသည်။
ချွင်းချက်မဲ့ မေတ္တာဖြင့် ချစ်တတ်အောင် သင်ယူပါ။
တစ်ဖက်လူ မိမိအပေါ် ချစ်သည့်နည်းအတိုင်း ပြန်ချစ်ပါ။
တစ်ဦးဦးကြောင့် မိမိစိတ်လှုပ်ရှားလာလျှင် ” မင်းချစ်သလောက်ငါလည်းချစ်ပါတယ် ” ဟု မိမိကိုယ်ကိုပြောထားပါ။
ထိုသို့သောအချစ်မျိုးသည် ခွင့်လွှတ်တတ်မှု ငြိမ်းအေးချမ်းသာမှုမျိုးကို ဆောင်ကြည်းပေးတတ်ပါသည်။
--