၂။ အာရမ္မဏပစ္စယော - မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။
၃။ အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
၎။ အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။
၅။ သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကိုမျက်မှောက်ပြူရပါစေသား။
၆။ သဟဇာတပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။
၇။ အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။
၈။ နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။
၉။ ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
၁၀။ ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
၁၁။ ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
၁၂။ အာသေ၀နပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။
၁၃။ ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
၁၄။ ၀ိပါကပစ္စယော - ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
၁၅။ အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။
၁၆။ ဣန္ဒြိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
၁၇။ ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။
၁၈။ မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ ရပါစေသား။
၁၉။ သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
၂၀။ ၀ိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။
၂၁။ အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
၂၂။ နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။
၂၃။ ၀ိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။
၂၄။ အ၀ိဂတပစ္စယော - ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။
တနေ့ကို ၂၄ ခေါက်နှင့် ၂၄ ရက် ရွတ်ဆိုပူဇော်ကြည့်ပါ...
ပဌာန်း ဥဒ္ဒေသနှင့် နဒ္ဒေသတို့ကို သုံးသပ်ရွတ်ဖတ်ခြင်းအားဖြင့် မျက်မှောက် ချက်ချင်းအခါမလင့် အောက်ပါ ကောင်းကျိုးများ ရနိုင်ပေသည်။
(၁) ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးအန္တရာယ်အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း။
(၂) ကျရောက်လတ္တံ သောဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း။(၃) အပြစ်ကင်း၍ ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက် ကိစ္စအ၀၀တို့ကို ပြီးစီးအောင်မြင် စေနိုင်ခြင်း။
(၄) အပြစ်ရှိ၍ မကောင်းကျိုး ဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်လွှဲနိုင်ခြင်း။(၅) အချုပ်အားဖြင့် ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီးငြိမ်းအောင်မြင်စေနိုင်ခြင်း။
(၆) အဆုံးစွန်သော ဘ၀၌ နိဗာန်ကို မျက်မှောက်ပြုရခြင်း စသည့် အကျိုးတရား....တို့ပင်တည်း။
”အတုမဲ့ တန်ခိုးတော် ထင်ပေါ်လာခြင်း”
မြတ်စွာဘုရားရှင် ဟာ ပဌာန်း ဒေသနာတော်ကြီးကိုသုံးသပ်ဆင်ခြင်တော်မူသောအခါမှသာ ရှင်တော်မြတ် ဘုရား၏ ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ပေါ် ကွန့်မြူးလာကာ အနန္တစကြ၀ဋာသို့ ပျံ့နှံ့ထွန်းလင်းလွှမ်းမိုးလာတော့သည်။ ရှင်တော်မြတ်ဘုရား၏ ဥာဏ်တော် အနန္တကို ထင်ရှား ပေါ်လွင်စေသည့် အခမ်းအနားကြီးကို ကျင်းပဘိသကဲ့သို့ ဖြစ်တော့သည်။ ဥာဏ်တော် တန်ခိုးတော်တို့သည် အတုမဲ့ ပြိုင်ဘက်ကင်းသည့် အထွတ်အထိပ်သို့ ရောက်ချေပြီဟု မရေမတွက်နိုင်လောက်အောင် များပြားလှသည့် နတ်၊ ဗြဟာ အပေါင်းတို့သည် လှိုက်လှိုက်လှဲလှဲ ကြည်ညိုသဒါလွန်ကြူးစွာဖြင့် ခြေတော် ဦးခိုက် ပူဇော်လေသည်။
ပဌာန်း ဒေသနာတော်ကြီး ကိုသုံးသပ်မှသာ ဥာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တ ဖြစ်ကြောင်း ပေါ်လွင် လာပေသည်။
သို့ဖြစ်သောကြောင့် ”ကောင်းရာမြတ်နိုး ကောင်းအောင်ကြိုးပမ်း”နေသူများအတွက် ကောင်းကျိုးတွေ ဖြိုးဝေအောင် တန်ခိုးရှိန်စော် အာနုဘော်တို့ တိုးတက်စေသည့် ပဌာန်း ဒေသနာတော်ကြီး ကို နေ့ညမပြတ် ရွတ်ဖတ်ကြရပေမည်။ သို့မှသာ မိမိတို့ သန္တာန်၌ ကိန်းအောင်းနေသော ကာယအား ဥာဏအား အစွမ်း သုတ္တိတို့ပေါ်လွင်လာမည်။ ထွန်းတောက်မည်။ ထက်မြက်မည်။
ထို့ကြောင့် ဖြူစင်ကောင်းမွန်သည့် စေတနာရှင်တို့သည် မိမိတို့ မျှော်မှန်းထားသော ကောင်းမြတ်သည့် ကောင်းကျိုးဟူသမျှကို မုချအောင်မြင်ရရှိနိုင်ကြစေရန် ရည်သန်ကာ ပဌာန်း ဒေသနာတော်ကြီး ကောင်းကျိုးကို တင်ပြလိုက်ရပေသည်။ အခါမလပ် ထက်ကြက်မကွာ ပြုနိုင်ကြပါစေသတည်း..........။