Tuesday, July 28, 2009

အချိန်ပေးတတ်ပါစေ.

အရမ်းအလုပ်ရှုပ်ပြီး အိမ်ကိုမိုးချုပ်မှ ပြန်လာတဲ့ အဖေကို ၅ နှစ်အရွယ်ကလေးငယ်က အိမ်ပေါက်ဝကနေ ဆီးကြိုပြီး မေးလိုက်တယ်... `ဖေဖေ ...ဖေဖေ အလုပ် တစ်နာရီ လုပ်ရင် ဘယ်လောက်ရလဲဟင်...´ တဲ့...မောမောပန်းပန်း ပြန်လာတဲ့အဖေ က ဒေါသထွက်သွားပြီး...`မင်းက ဘာလုပ်ဖို့ လဲ ရှုပ်ကိုရှုပ်တယ်...သွား....သွား´ လို့ ဟောက်လိုက်တယ်... ကလေးငယ်ကတကယ်သိချင်လို့ ပါလို့  ပြောလိုက်တော့...အဖေလုပ်သူက တစ်နာရီ ၂၀ ဒေါ်လာလို့  မဖြေချင်ဖြေချင် ဖြေလိုက်တယ်...အဲဒီတော့ ကလေးငယ် က တစ်ချက်တွေ သွားပြီး...`ဒါဆို...သားကို ၁၀လောက်ပေးပါ...´ လို့ ပြောလိုက်တော့ အဖေလုပ်သူ က ရုတ်တရက် ဒေါသ အရမ်းထွက်သွားပြီး... `သြော်...ငါကတစ်နေကုန် ပင်ပင်ပန်းပန်းနဲ့  လုပ်ထားတာတွေကို..မင်းက အလကား သုံးဖြုန်း စားသောက် ပစ်ဖို့  လာတောင်းတာကိုး...လုံးဝမပေးနိုင်ဘူး...သွား´ ဆိုပြီး ဆူပူကြိမ်းမောင်း လွှတ်လိုက်တယ်... ရေမိုးချိုးပြီးလို့  စိတ်ပြေ သွားတော့မှ သူတကယ်လိုလို့  တောင်းတာနေမှာ ပါဆိုပြီး ငိုမဲ့ငိုမဲ့နဲ့ သွားအိပ်နေတဲ့ သူ့ သားကို... `ကဲ..ရော့ မင်းလို ချင်တဲ့ ၁၀ ... ´ဆိုပြီးချော့တယ်...အဲဒီ အခါမှ ကလေးက ခေါင်းအုံးအောက်မှာ စုထားတဲ့ ၁၀ နဲ့  အဲဒီ ၁၀ ကိုပေါင်းလိုက်တယ်... အဖေလုပ်သူက ပိုဒေါသ ထွက်သွားပြီး...`မင်းက ပိုက်ဆံတွေရှိရဲ့ သားနဲ့  ဘာလိုလို့ ...ဒီအရွယ်နဲ့  ဘာလုပ်ဖို့ ငါ့ဆီက တောင်းတာလဲ..ပြောစမ်း..´ဆိုပြီး ရိုက်စစ်တယ်..အဲဒီမှာ ကလေးငယ်က.... `ရော့..ဖေဖေ ဒီမှာ ဒေါ်လာ ၂၀...သားကို ဖေဖေ့ အလုပ်ချိန်ထဲ က တစ်နာရီ လောက် ရောင်းပါ...´ တဲ့...
(သူငယ်ချင်းတယောက်ပို့ထားတဲ့မေးထဲက ကြိုက်လို့တင်လိုက်ပါသည်)