ခရစ်တော်မပေါ်မီ(၇၇၆)ခုနှစ်မှစ၍ဂရိလူမျိုးများသည်အိုလံပစ်ပွဲတော်များကိုလေးနှစ်တစ်ကြိမ်
ကျင်းပခဲ့သည်။ထိုအချိန်တွင် zeus နတ်ဘုရားကိုပူဇော်ရန်ပန်းချီပညာရှင်များစာရေးဆရာများ၊
အားကစားသမားများစုဝေးရောက်ရှိတတ်သည်။အိုလံပစ်ပွဲဟုကျော်ကြားလာခဲ့သည်။ပထမဦးဆုံး
အိုလံပစ်ပြိုင်ပွဲများသည်အားကစားသက်သက်မဟုတ်ချေ၊ပြဇာတ်များကကြသည်၊ကဗျာများရွတ်
ကြသည်။ ပြေးပွဲများကျင်းပကြသည်။ဂရိလူမျိုးများအတွက်အိုလံပစ်ပြိုင်ပွဲများသည်စိတ်နှင့်ရုပ်
ပေါင်းစပ်မှုကိုဖော်ပြပြီး zeus နတ်ဘုရားထံအောင်ပွဲဆုတောင်းခံနိုင်သည်ဟုယူဆသည်။အိုလံ
ပစ်ပွဲတော်များကို(၃)ရက်ကြာမျှကျင်းပခဲ့သည်။အားကစားသမားများသည်အပြေးပြိုင်ကြ၊လှည်း
မောင်းပြိုင်ကြသည်။ပွဲတော်မစမီကျမ်းသစ္စာကျိန်ရသည်။ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲများစား
သောက်ပွဲများကျင်းပတတ်ကြသည်။
Saturday, December 11, 2010
Friday, December 10, 2010
သံဝေဂလင်္ကာ
မနေရလို့ သေကြသောအခါ ...
ကိုယ့်နောက်ကို ဘာများပါမှာပစ္စည်းစုစု တစ်ခုမပါ ...
ဇနီးမယားနဲ့ သမီးသားမပါ
အိုးအိမ်များနဲ့ တိုက်ကားမပါ ...
ဆင်မြင်းများနဲ့ ကျွဲနွားမပါ
ဗန်းခုံလေးနဲ့ တောင်ဝှေးလည်းမပါ
ထီးဖိနပ်နဲ့ သပိတ်လည်းမပါ ...
သပိတ်ကြီးနဲ့ ထီးလည်းမပါ
ကိုယ်ပြုထားကံများ သူတို့ပါ ......။
ဖြူးဆရာတော်
Wednesday, December 8, 2010
Drop box လေးကို အသုံးပြုခြင်း
ဒါလေးကတော့ ညီကိုတို့ တော်တော်များများသုံးနေကျတဲ့ drop box လေးဆိုတာပါ၊၊ကျနော်တို့တွက်
တော်တော်ကိုအသုံးကြပါတယ်၊ကိုယ်ပိုင် Gmail တခုရှိတာနဲ့ 2G free သုံးစွဲလို့ရပါတယ်၊၊ကျနော်ဆိုရင်
အရေးကြီးမယ့် အကောင့်များဖြစ်ဖြစ် ဆိုက်လိပ်စာများဖြစ်ဖြစ် သိပ်မလေးပဲ အသုံးဝင်တဲ့ ဟာတွေကို
တင်ထားပါတယ်၊၊ကိုလိုတာနဲ့ ချက်ချင်းပြန်ခေါ်လို့ရတယ်လေ၊၊ကိုက အိမ်က ကွန်ပျူတာမှာ dropbox
လေးကို run ထားရင်ပဲဖြစ်ဖြစ် ကျောင်းသို့ အလုပ်ကနေ လဲ ကို dropbox လေးထဲကို ထည့်ထားတဲ့
ဖိုင်တွေကို ပြန်ကြည့်လို့ရတယ်လေ၊၊ဒီတော့ အင်တာနက်ရတဲ့ သူတွေတွက် အလကားရနေမယ့်
flash drive လေးတခုလိုပါပဲ သူ့ကို virus လေးကိုက်မှာလဲ မပူရ ပျောက်သွားမှာလဲ မစိုးရိမ်ရပဲ အသုံးဝင်
တဲ့ dropbox လေးတခုဖြစ်ပါတယ်၊၊ခုနောက်ပိုင်းဆို ကိုယ်ရေးနေတဲ့ website တွေကနေ dropbox
လေးထဲကို အော်တို Backup လုပ်တဲ့ အဆင့်ကို ရောက်နေပါပြီ.
သူက User တွေကိုဖိတ်ခေါ်တဲ့ အနေနဲ့ သူငယ်ချင်းတွေ ထပ်ပြီး drop box user အဖြစ်ထပ်ပြီး add လုပ်ရင်
နောက်ထပ် MB 250 ထပ်ပြီးတော့ ဖြည့်ပေးပါတယ်.၊၊ဒီလောက်ဆို အဆင်ပြေကျမှာပါ၊၊
သုံးချင်သူများတွက် ဒီလင့်လေးကနေ ဝင်ပြီး အကောင့်ဖောက်ရင် နောက်ထပ် မက် ၂၅၀ အပိုရပြီးတော့ Gmail
အကောင့် တခုတွက် ၂.၂၅၀ဂစ်ကို အခမဲ့သုံးခွင့်ရပါလေ့မယ်၊၊
https://www.dropbox.com/referrals/NTExMDg5OTEzOQ?src=global
https://www.dropbox.com/referrals/NTkzNjM3Nzg5?src=global0

Wednesday, December 1, 2010
မျက်ဝန်းလှလှ မညိုရလေအောင်
လူတိုင်းလိုလို ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို မျက်ကွင်းညိုတတ်ပါတယ်။မျက်ကွင်းညိုတာ အများစုက ယာယီဖြစ်ပြီး ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် မျက်ကွင်းညိုတဲ့အခါမှာ သင့်ကို ပင်ပန်းနေတယ်၊ မကျန်းမာဘူး.. အဲဒီလို ထင်ရစေပါတယ်။ ဒါ့အပြင် မျက်ကွင်းညိုတာကြောင့် ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသယောင် ထင်ရစေပါတယ်။
မျက်ကွင်းညိုသော အကြောင်းများ
မျက်ခွံအရေပြားက ပါးပြီး ခန္ဓာကိုယ်ရဲ့တခြား အစိတ်အပိုင်းတွေနဲ့ ယှဉ်ရင် အဆီအက်စစ် နည်းနည်းပဲ ပါဝင်ပါတယ်။ အရေပြား မျက်နှာပြင်နဲ့ နီးကပ်နေတဲ့ သွေးကြောကြီးတွေကနေ သွေးတွေ ဖြတ်သွားတဲ့အခါ မျက်ဝန်းအရေပြားက ညိုလာပါတယ်။
၁) မျိုးရိုးဗီဇ - မျက်ကွင်းညိုတာက မျိုးရိုးလိုက်တတ်ပါတယ်။ သင့်မိသားစုဝင် အများစုမှာ မျက်ကွင်းညိုတတ်ရင် သင့်အနေနဲ့လည်း မျက်ကွင်းညိုနိုင်ခြေ များပါတယ်။ သင့်အသားအရောင်က ဖျော့နေပြီး မျက်ဝန်းအောက်က အရေပြားက အလွန်ပါးနေရင် မျက်ကွင်းညိုတာက သိသာနေနိုင်ပါတယ်။
၂) အိုမင်းခြင်း - အသက်ကြီးလာတဲ့အခါ မျက်ဝန်းအောက်က အရေပြားက ပါးလာပြီး သေးငယ်တဲ့ ဆံခြည်မျှင် သွေးကြောလေးတွေတောင် သိသာလာတတ်ပါတယ်။ အဲဒီအခါ မျက်ကွင်းညိုတာကလည်း သိသာလာပါတယ်။
၎) အိပ်စက်ခြင်း - လဲလျောင်းအိပ်စက်တဲ့အခါ အောက်မျက်ခွံထဲက အရည်တွေဟာ ကမ္ဘာမြေဆွဲအားကြောင့် စုသွားပြီး မျက်လုံးအိတ် ဖောင်းလာတတ်ပါတယ်။ အိပ်ရေးပျက်ရင်တော့ မျက်ဝန်းအောက်က သွေးပြန်ကြောတွေဟာ သွေးတွေနဲ့ ပြည့်လာပြီး မျက်ကွင်းညိုတာ ဖြစ်တတ်ပါတယ်။
၅) ဓာတ်မတည့်မှု - နှင်းခူလို အရေပြားရောဂါနဲ့ အရေပြား ဓာတ်မတည့်မှုတွေကို နာတာရှည် ခံစားနေရရင် မျက်ကွင်းညိုတတ်ပါတယ်။ ဓာတ်မတည့်မှု အများစုဟာ မျက်ကွင်းညိုတာနဲ့ ယားယံတာတွေကို ဖြစ်စေနိုင်ပါတယ်။ မျက်လုံးကို ပွတ်တာနဲ့ ကုတ်ခြစ်တာကြောင့်လည်း မျက်ကွင်းညိုစေပါတယ်။
၆) အာဟာရ - စားတဲ့ အစားအသောက်ထဲမှာ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးတာကြောင့်လည်း မျက်ကွင်းညိုရတတ်ပါတယ်။ ရေဓာတ် ခန်းခြောက်မှုကြောင့်လည်း မျက်ကွင်းညိုတတ်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။
ရ) ကိုယ်ဝန်ဆောင်ခြင်းနှင့် ရာသီလာခြင်း - ကိုယ်ဝန်ဆောင်ချိန်နဲ့ ရာသီလာချိန် အတောအတွင်းမှာ အရေပြားဟာ ပါးလာတာကြောင့် မျက်ကွင်းညိုတတ်ပါတယ်။
မျက်ကွင်းညိုခြင်း ကင်းဝေးစေရန်
ရေကို များများသောက်ပါ။ ရေဓာတ်ခန်းခြောက်ရင် အရေပြားဟာ ခြောက်သွေ့နေတတ်ပါတယ်။
နေရောင်ကာခရင်မ်လိမ်းပါ။ အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်အောင် နေရောင်ကာနိုင်စွမ်း (SPF) ၁၅ ဆ အနည်းဆုံး ပါတာကို ရွေးလိမ်းပါ။
အင်တီအောက်ဆီးဒင့် ပေါကြွယ်ဝစွာ ပါဝင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။
အိပ်တဲ့အခါ ဦးခေါင်းကို အနည်းငယ်မြှင့်ပြီး အိပ်ပါ။ အဲဒီအခါ အောက်မျက်ခမ်းဆီ အရည်စုပုံရောက်ရှိမှု လျော့နည်းစေပါတယ်။ အိပ်ချိန် ရှစ်နာရီပေးပြီး အိပ်ရေးဝအောင် အိပ်ပါ။
မျက်လုံးကို လုံးဝ မပွတ်ပါနဲ့။ မကုတ်ပါနဲ့။ မျက်နှာအရေပြားကို ညင်ညင်သာသာ နှိပ်နယ်ပေးတာဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အနားယူပြီး တရားထိုင်ပါ။
ညိုနေသော မျက်ကွင်းကို ဖုံးကွယ်ရအောင်
ကွန်ဆဲလ်လာ (Concealer) ဟာ မျက်ကွင်းညိုတာကို ထိထိရောက်ရောက် ဖုံးအုပ်ပေးနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းပါ။ မျက်ကွင်းညိုတာကို ဖုံးကွယ်ဖို့ ဖျော့တော့လွန်းတဲ့ ကွန်ဆဲလ်လာအရောင်ကို မသုံးပါနဲ့။ သင့်အသားအရေနဲ့ အသားအရောင်ပေါ် မူတည်ပြီး မသိသာတဲ့ အရောင်မျိုးကို ရွေးပါ။ တာရှည် မျက်ကွင်းညိုနေတာကို ကုသနိုင်ဖို့ alpha- hydroxy acid နဲ့ ဗီတာမင်စီ၊ ဗီတာမင်ကေတို့ ပါဝင်တဲ့ ခရင်မ်ကို လိမ်းပေးပါ။ မျက်ကွင်းညိုတာ လျော့ပါးသွားပါလိမ့်မယ်။
By Good Health

life?
၁) ငါတို့ကြားမှာ ခြေလှမ်း ၁ဝဝဝ ကွာဝေးခဲ့ရင်
ငါ့ဖက်ကို နင်ခြေတစ်လှမ်း စလှမ်းပါ။
ကျန်တဲ့ ၉၉၉လှမ်းနဲ့ နင့်ဖက်ကို ငါလှမ်းခဲ့ပါ့မယ်။
၂) မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ချန်ထားရင်
ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။
၃) တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။
ကိုယ်ဖက်က လိုချင်တာတွေ များသွားလို့ပါ။
၎) Believe ဆိုတဲ့ စကားလုံးကြားမှာတောင် lie ဆိုတဲ့ စာလုံးကို ဝှက်ထားသေးတယ်။
၅) ၁ဝဝ% ပြည့်တဲ့ ကြင်ဖော်ဆိုတာ မရှိပါဘူး။
၅ဝ% ရှိတဲ့ လူနှစ်ဦးပေါင်းစပ်ထားတဲ့ ဘဝပဲ ရှိပါတယ်။
၆) ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင်
ကိုယ့်ကိုအမှန်တကယ် ချစ်တဲ့သူဖြစ်တယ်။
၇) ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။
ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်းတဲ့။
ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ
သိမ်းထားလိုက်ပါ။
၈) အေးစက်တယ်၊ ဥပေက္ခာပြုတယ်ဆိုတာ တစ်ခါတလေမှာတော့ ရက်စက်တယ်လို့
မထင်ထားရဘူး။ နှစ်ဦးနှစ်ဖက် မထိခိုက်ဖို့ ကာကွယ်တဲ့ပစ္စည်းလို့
မှတ်ယူထားရမယ်။
၉) တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး ပြောမကုန်တဲ့ စကားတွေနဲ့
ဖောင်ဖွဲ့နေသူကို ဆိုလိုတာမဟုတ်ဘူး။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး
စကားတွေမပြောလည်း တစ်ယောက်ကို တစ်ယောက် နားလည်နေသူကို ဆိုလိုပါတယ်။
၁ဝ) တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည်
ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက် နေသူဖြစ်တယ်။
အင်တာနက်ပေါ်က ကြိုက်နှစ်သက်တဲ့ စာစုလေးတွေကို ဘာသာပြန်မျှဝေပါတယ်။

အင်းလေးကန်ကြီးဘာကြောင့်ကမ္ဘာကျော်ရသလဲ ?
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေနယ်တွင်တည်ရှိသည်။မြစ်ကြီးနားခရိုင်ရှိအင်းတောင်ကြီးမှလွဲလျှင်
မြန်မာနိုင်ငံမှဒုတိယအကြီးဆုံးသောသဘာဝအင်းအိုင်ကြီးဖြစ်သည်။တောင်နှင့်မြောက်တန်းလျက်ရှိသော
တောင်တန်းကြီး(၂)ခုကြားတွင်ခွက်ဝင်နေသောညောင်ရွှေချိုင့်ဝှမ်းကြီး၏အလယ်အနက်ရှိုင်းဆုံးအပိုင်း၌
တည်ရှိသည်။
အင်းလေးတည်ရာအရပ် သည်ပင်လယ်ရေမျက်နှာပြင်အထက်ပေ(၂၉၀၀)ကျော်မြင့်သည်။
အင်းလေးသည်တောင်ပေါ်အင်းအိုင်ကြီးတစ်ခုဖြစ်သည်။တောင်ရိုးတောင်တန်းများဝန်းရံလျက်ကြည်လင်
ပြာလဲ့သောရေပြင်ကျယ်ကြီးဖြစ်သောကြောင့်မြန်မာနိုင်ငံတွင်သာမကကမ္ဘာတွင်ပါကျော်ကြားသည်။အင်း
လေးသည်တောင်နှင့်မြောက်အလျားကိုးမိုင်ခန့်ရှည်သည်။အကျယ်ဆုံးနေရာ၌အရှေ့နှင့်အနောက်သုံးမိုင်ခွဲ
ခန့်ရှိသည်။ရှေးအခါကအင်းလေးကန်ကြီး၏အကျယ်အ၀န်းသည်စတုရန်းမိင်(၁၉၀)ခန့်ရှိမည်ဟုခန့်မှန်းရ
သည်။အင်းလေးရေပြင်ပေါ်တွင်ရွာကြီး၊ရွာငယ်များတည်ဆောက်ထားသည်။တစ်နေရာမှတစ်နေရာသို့လှေ
များ၊စက်လှေများဖြင့်သွားလာကြသည်။လှေကိုခြေဖြင့်လှော်ခတ်သည်။အင်းလေးဒေသနန်ဟူးရွာရှိဖောင်
တော်ဦးဘုရားသည်ထင်းရှားသည်။

ဗဟုသုတလေးတွေပါ
ဘာကြောင့်ကြယ်တံခွန်မှာအမြီးတန်းရှိနေတာလဲ ?
ကြယ်တံခွန်ဆိုတာကီလိုမီတာအနည်းငယ်ပဲထူထဲတဲ့ကျောက်သားအကြေအမွတွေ၊ရေခဲအကြေအမွ
တွေဖွဲ့စည်းထားတဲ့ကိုယ်ထည်ကြီးဖြစ်တယ်။သူကနေနဲ့အနီးကိုရောက်လာတဲ့အခါမှာပူလာတယ်။ရေ
ခဲတွေကဓာတ်ငွေ့တွေ အဖြစ်ပြောင်းလဲသွားတယ်။ဖုန့်မှုန့်အပိုင်းအစတွေကိုအာကာသထဲဆွဲထုတ်ပစ်
ထယ်။နေမှပျံထွက်လာတဲ့အမှုန်လေးတွေစုထားတဲ့တိမ်တိုက်တွေဟာ(အာကာသထဲရှိလေကြောင့်)
သူ့ဓာတ်ငွေ့တွေကိုနောက် ဘက်တွန်းထုတ်ပြီးဖုန်မှုန့်တွေနဲ့အမြီးတန်းအဖြစ်ဖွဲ့စည်းထားလိုက်ပါတယ်။
နေရဲ့အနားကဖြတ်ပျံနေစဉ်မှာအဲဒီဥက္ကာခဲရဲ့အမြီးတန်းကသိပ်လှတယ်။အလှဆုံးပဲ၊အမြီးတန်းက်ီလို
မီတာသန်းနဲ့ချီပြီးရှည်လျားနိုင်တယ်။တစ်ချို့အမြီးတန်းတွေကသိပ်ကိုပါးလွှာတယ်။ဥပမာအားဖြင့်ကမ္ဘာ့
အနီးမှဘေးဒုက္ခမပေးဘဲဖြတ်ပျံသွားတဲ့ဟေလီကြယ်တံခွန်ရဲ့အမြီးဟာသိပ်ကိုပါးလှပ်ပါတယ်
_____________________________________________________________________
ပင်လယ်ဟာဘယ်လောက်နက်သလဲ ?
ပစိဖိတ်သမုဒ္ဒရာဟာ အနိမ့်ဆုံးအနက် (၄၀၅၀)မီတာနဲ့ အမြင့်ဆုံးအနက် (၁၁၀၃၀)မီတာရှိပြီး အနက်ဆုံး
ဖြစ်တယ်။ နောက်တစ်ခုဖြစ်တဲ့အိန္ဒိယသမုဒ္ဒရာဟာအနိမ့်ဆုံး (၃၉၀၀)မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ
တာရှိတယ်။အတ္တလန်တိတ်သမုဒ္ဒရာကတော့အနိမ့်ဆုံးအနက်(၃၃၀၀)မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ
တာ၊ အာတိတ်သမုဒ္ဒရာကတော့ အနိမ့်ဆုံးအမြင့်ဆုံးအနက် (၅၅၀၀)မီတာရှိပြီး မြေထဲပင်လယ်ကအများ
ဆုံးအနက် (၅၁၂၀)မီတာနဲ့ အနည်းဆုံးက (၁၀၀၀)မီတာရှိတယ်။ ပင်လယ်နက်အစုအဝေးရဲ့အောက်ခြေ
ကဘောလ်တစ်ဖြစ်ပြီးအနည်းဆုံးအနက်က (၄၆၀)မီတာရှိပြီးမြောက်ဘက်ပင်လယ်ကတော့(၉၁-၁၀၀)မီ
တာနက်တယ်။

သက်တန့်ဘာကြောင့်ဖြစ်ရတာလဲ ?
သက်တန့်တွေကိုညမှာမမြင်ရဘူးဆိုတာသင်သတိထားမိလိမ့်မယ်။တိမ်ထူတဲ့နေ့တွေနဲ့မိုးရွာနေတဲ့
အခါမှာလည်းသူတို့ကိုသင်မမြင်ရဘူး။မိုးရွာပြီးကြည်လင်သွားသည့်အခါတွေနဲ့နေပူတုန်းမိုးရွာနေတဲ့
အချိန်အတွင်းမှာသက်တန့်တွေပေါ်ပေါက် လာတယ်။ရေထဲမှာရှိတဲ့ရေစက်ကလေးတွေကိုနေရောင်
ခြည်အလင်းပြန်တဲ့အခါတွေမှာသက်တန့်ကိုတွေ့နိုင်သည်။

လျှို့ဝှက်စာရေးနည်းပညာ ဆိုတာဘာလဲ ?
လျှို့ဝှက်စာရေး နည်းပညာဆိုတာ စာလုံးတွေ စီရမယ့်နေရာမှာ ကိန်းဂဏန်းတွေကိုအသုံးပြုပြီး လျှို့
ဝှက်စာတမ်းတစ်စောင်ရေးဖွဲ့တဲ့ အနုပညာတရပ်ဖြစ်တယ်။ အက္ခရာစာလုံး အသီးသီး အတွက် သီးခြားအ
ထူးပြုစီမံထားတဲ့ ကိန်းဂဏန်းတွေပေးထားပြီး စကားဝှက်စာတစ်စောင်ရေးဖွဲ့ရပါတယ်။ ဒီလျှို့ဝှက်သင်္ကေ
တကို ဆိုက်ဘာစကားဝှက်လို့ခေါ်ပါတယ်။ စကားဝှက်ပုံစံနှစ်မျိုးရှိတယ်။ သတင်းပေးပို့လွှာမှာပါတဲ့ စာလုံး
အသီးသီးအတွက် ကိန်းဂဏန်း၊ စာလုံးသင်္ကေတ တစ်မျိုးမျိုးနဲ့ အစားထိုးရေးသားခြင်းမျိုးလည်း ရှိတယ်။
ဒုတိယအမျိုးအစားကတော့ သတင်းလွှာမှာပါတဲ့ စာလုံး လေးတွေကို နေရာအထား အသို အစီအစဉ်များ
ပြောင်းလဲပစ်ခြင်းများဖြစ်ပါသည်။ဒီင်္လိုနည်းလမ်းနှစ်သွယ်ကိုအသုံးပြုတဲ့အခါနည်းမျိုးစုံအသုံးပြုကြတယ်။
ပေးပို့သူနဲ့ လက်ခံသူနှစ်ဦးစလုံးမှာ သင်္ကေတနဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ့် သင်္ကေတ အညွှန်းစာ
အုပ် ကိုယ်စီရှိကြတယ်။

ကမ္ဘာ့ပထမဆုံး လေကြောင်းလိုင်းကဘာလဲ
KLM (Kiss Me, Leave Me, Miss Me) သည် ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်လုပ်ကိုင်လေကြောင်းလိုင်း
ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၈၀ကျော်ကတည်းကပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းကိုနယ်သာလန်နိုင်ငံမှ ဒက်ခ်ျ
လူမျိုး လေယာဉ်မှူး အဲလဘတ်ပလီစ်မန်းက စတင်ခဲ့ခြင်းဖြစ်သည်။အဲလဘတ်သည်KLMလေကြောင်းလိုင်း
ကို တည်ထောင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တိုင်အောင် KLM၏ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။ယနေ့ခေတ်တွင်တိုက်
ကြီးငါးတိုက်မှ မြို့တော်ပေါင်း ၁၄၀၀ကျော်တွင် KLMလေကြောင်းလိုင်း၏ကွန်ယက်များဖြန့်ကျုက်ထားပြီဖြစ်
သည် ဟု 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်
From FW mail
လူတိုင်းကတော့ ယုံကြည်ချက် အပြည့်နဲ့ မွေးဖွားလာတာ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ယုံကြည်ချက်ကို အောက်ပါအတိုင်း တည်ဆောက်ယူလို့ ရပါတယ်။
၁။ အနည်းငယ် ကွဲပြားခြားနားတာ တစ်ခုခုကို ပြုလုပ်ပါတယ်
မိမိကိုယ်မိမိ ယုံကြည်မှု ရှိသူတွေဟာ အသစ်အဆန်းတွေကို ပုံမှန် ပြုလုပ်တတ်ကြပြီး အောင်မြင်မှုရရှိတဲ့ အခါတိုင်း သူတို့ကိုယ် သူတို့ ယုံကြည်မှု ပိုတိုးပွားလာပါတယ်။ ရှက်တတ်သူတွေဟာ ဒီလူနဲ့ ဒီအကြောင်းအရာတွေကိုသာ ထပ်ကာထပ်ကာ ပြုလုပ်တတ်ကြပြီး သူတို့ကိုသူတို့ မစမ်းသပ်ကြည့်ကြပါဘူး။
၂။ တခြားလူနဲ့ တွေ့ရင် စတင်ပြီး စကား ပြောတတ်ကြပါတယ်
ရှက်တတ်သူတွေဟာ ဘယ်တော့မှ စတင်ပြီး စကားပြောလေ့ မရှိကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ စပြောတဲ့ စကားဟာ ဆွဲဆောင်မှု ရှိမယ်လို့ မထင်တတ်ကြလို့ပါ။ မိမိကိုယ်မိမိ ယုံကြည်မှု ရှိသူတွေက ရာသီဥတု အကြောင်း ဒါမှမဟုတ် ဒီမိတ်ဆွေကို သူက ဘယ်လိုဆိုပြီး စတင်ပြီး စကားပြောတတ်လေ့ ရှိပါတယ်။
၃။ တခြားသူတွေရဲ့ မိမိအပေါ် ထင်မြင်ချက်ကို ဂရုမစိုက်တတ်ပါဘူး
မိမိကိုယ်မိမိ ယုံကြည်မှု ရှိသူတွေဟာ တခြားသူတွေနဲ့ ယှဉ်ပြီး မိမိကိုယ်မိမိ မသိမ်ငယ်တတ်ကြပါဘူး။
၎။ စကားတိုတိုပဲ ပြောတတ်ကြပါတယ်
မိမိကိုယ် မိမိ ယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေဟာ တစ်ယောက်ယောက်နဲ့ စကားရှည်ရှည် မပြောတတ်ကြပါဘူး။ လူတိုင်းနဲ့ နှုတ်ဆက်စကား ပြောတတ်ပေမယ့် စကားရှည်ရှည် မပြောတတ်တာဟာ ကိုယ်နဲ့ သိပ်မသိသူ တစ်ယောက်နဲ့ စကားကြာကြာ ပြောတာကြောင့် ဖိအားပေး မခံရအောင်လို့ပါ။
ဒေါက်တာခင်မိုးမိုး

Subscribe to:
Posts (Atom)