“လောဘ၏ဆိုးကျိုးများ”
တစ်စုံတစ်ခုကိုလိုချင်တပ်မက်သောစိတ်ဖြင့် သေလျှင် ပြိတ္တာဘုံရောက်သည်။
“ဒေါသ၏ဆိုးကျိုးများ”
တစ်စုံတစ်ယောက်ကို အမျက်ထွက်သော စိတ်ဖြင့် သေခဲ့လျှင် ငရဲဘုံသို့ ရောက်ရသည်။
“မောဟ၏ဆိုးကျိုးများ”
တွေဝေမိုက်မဲသော မောဟစိတ်ဖြင့်သေခဲ့လျှင် တိရစ္ဆာန်ဘုံသို့ရောက်သည်။
“သီလဖြင့်သေခြင်း”
သီလစင်ကြယ်သူအားစိတ်စင်ကြယ်ခြင်းကြောင့်လိုရာဆန္ဒ ပြည့်ဝကြပြီး သေခဲ့လျှင်သော် နတ်ပြည်ရောက်သည်။
“ဘာဝနာဖြင့်သေခြင်း”
ဘာဝနာဖြင့် အသေမြတ်ချင်သူများသည် မိမိအား သန်ရာ သမထကမ္မဋ္ဌာန်း တစ်ခုခုကိုလည်းကောင်း၊၀ိပဿနာကမ္မဋ္ဌာန်းကို၎င်း အချိန်ရနိုင်သလောက် ပွားများထားကြရမည်။
ဘယ်ဘာသာဝင်မဆို သေခါနီးအချိန်တွင် တခြားအာရုံကို စိတ်အရောက်မခံပဲ မိမိပွားများနေကျ အာရုံ(ဘာဝနာ/ဂါထာ)ကို ပွားများနေလိုက်ရုံသာရှိပါသည်။
အမြဲပွားများသော ဘာဝနာကိုမဆိုထားဘိသေခါနီး တခဏမျှပွားများရသော ဘာဝနာကြောင့် ဗြဟ္မပြည်ရောက်ရသောသာဓကများစွာရှိသည်။
သေနည်းကို ငယ်သည်ကြီးသည်မဟူ ယခုဆောင်းပါဖတ်ပြီးသည့်နှင့် ယခုပင် လေ့ကျင့်ပါတော့ဟု မေတ္တာရှေ့ထား၍ တိုက်တွန်းချင်ပါသည်။
No comments:
Post a Comment