Wednesday, March 18, 2009

- ဟင့်အင်း ဟုပြောရန် သတိထားပါ။
(သူတစ်ပါးက မိမိ အပေါ်မကောင်းမှု မပြုနိုင်တော့ပါ)
- အားပါးတရ ပြုံးပြရန် သတိထားပါ။
(မိမိ၏ဘ၀ရွန်းပြောင်လာပါလိမ့်မည်။)
- စိတ်ကူးယဉ်မှုများ မှန်လာကြောင်း သတိထားပါ။
(ကြိုးစားချင်စိတ်တွေဖြစ်လာပါလိမ့်မည်။)
- မိမိ လိုချင်သည့်အတိုင်း ပြောတတ်ရန် သတိထားပါ။
(လိုအင်ဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။)
- ခွင့်လွှတ်ခြင်းသည်ပျော်ရွှင်စေနိုင်ကြောင်း စမ်းကြည့်ပါ။
- လက်ဆောင်ပေးလျှင် လက်ခံတတ်ရန် သတိထားပါ။
(ပြုံးပြုံးကလေး ဖြင့် လှမ်းယူပါ၊ ကျေးဇူးတင်စကားပြောပါ)
- အကောင်းဆုံးတွေဖြစ်လာမည်ဟုမျှော်လင့်ထားပါ။
(အမှန်တကယ်ဖြစ်လာပါမည်။)
- စိတ်ပါလက်ပါ မျက်လုံးများဖြင့်ပြုံးပြလိုက်စမ်းပါ။
(မိမိကိုလည်း ကမ္ဘာလောကကြီး တစ်ခုလုံး ကပြုံးပြပါလိမ့်မည်။)
- အကောင်းဘက်မှကြည့်မြင်ပါ။တစ်ဦးကို တစ်ဦးမနှိမ်မိပါစေနှင့်။
” မင်းဟာအတွေးအခေါ်သိပ်မရှိဘူး ” စသည့် တစ်ဦးပေါ်တစ်ဦးဝေဖန်ပြစ်တင်ခြင်း မပြုပါနှင့်။
” ငါ့သဘောကို မင်းမှနားမလည်ဘဲ ” ဆိုသော စကားဖြင့် မိမိ စိတ်လှုပ်ရှားမှုကိုပြသပါ။
- မိမိကိုယ်ကို မိမိအပြစ်တင်မနေပါနှင့် အတိတ်ကို အတိတ်မှာပဲထားလိုက်ပါ။
” ငါ့ကိုယ်ငါ ခွင့်လွှတ်တယ်ဟေ့ ” ဟုပြောလိုက်ပါ။
(အရာရာ ငြိမ်းချမ်း သွားပါလိမ့်မည်။)
- တစ်နေ့လုံး နှုတ်ပိတ်ထားပြီး သူများပြောတာကိုသာနားထောင်နေလိုက်ပါ။
(မိတ်ဆွေသူငယ်ချင်းများ များလာပါလိမ့်မည်။)
- ကျေးဇူးတရားကို မမေ့ထားပါနဲ့၊မိမိကျေးဇူးတင်ရှိကြောင်း ပြသရန် မမေ့ထားပါနှင့်။

No comments: