သတိရှိတဲ့သူ၊ဥာဏ်ရှိတဲ့သူဟာ ဆူးတစ်ချောင်းပဲ အစူးခံတယ်
နှစ်ချောင်းအစူးမခံဘူး
ခန္ဓာကိုယ်နာသော်လည်း စိတ်အနာမခံဘူး
လူတိုင်းမှာတကယ် မလုပ်မဖြစ်တဲ့အလုပ် တစ်ခုပဲရှိတယ်။
ကိုယ့်အကြောင်းကိုယ်သိဖို့ပဲ
စိတ်ကို သိပြီးနေသွားရင် အဆင်ပြေမယ်
မသိရင်တော့ခက်မယ်
စိတ်ဆိုတာ ၀မ်းသာစရာထက် ပူစရာကို
ပိုပြီးတော့ တွေးတတ်တယ်
အဆင်ပြေတဲ့ကိစ္စထက် အဆင်မပြေတဲ့ကိစ္စကို ပိုတွေးတတ်တယ်။
အဲဒီတော့ အတွေးထဲမှာနေတဲ့သူဟာ
စိတ်ဆင်းရဲနေတဲ့သူပဲ
လောကကြီးကိုကောင်းအောင်လုပ်မယ်ဆိုရင်
လူတွေကိုကောင်းအောင်လုပ်ရမယ်
လူတွေကို ကောင်းအောင်လုပ်မယ်ဆိုရင်တစ်ခုပဲလုပ်လို့ရတယ်
ကိုယ့်ကိုယ်တိုင်ကပိုကောင်းဖို့အမြဲကြိုးစားနေမှသာ
သူများကိုပိုကောင်းအောင်လုပ်ဖို့စိတ်ကူးသင့်တရ်။
No comments:
Post a Comment