- သူတစ်ပါး၏အသက်ကို သတ်ဖြတ်သူများ အသက်တို ပြီး
ရှောင်ကြည် သူများ အသက်ရှည်ပါ၏။
- သူတစ်ပါးကို ညှဉ်းဆဲနှိပ်စက်သူတို့ ရောဂါများပြီး
ကြင်နာ သနားတတ်သူတို့ရောဂါကင်း၏။
- ဒေါသကြီးသူများ ရုပ်ဆိုးပြီး
မေတ္တာပွားများသူများ ချောမောလှပပါ၏။
- ကိုယ်ထက်သာသူပေါ် မနာလိုသူများ အခြွေအရံ နည်းပြီး
ကိုယ်ထက်သာသူပေါ် မုဒိတာပွားများသူများ အခြွေအရံပေါများပါ၏။
- ဒါနမပြုသူများ ဆင်းရဲပြီး
ဒါနပြုသူများ ချမ်းသာပါ၏။
- မာနကြီးသူများ အမျိုးယုတ်ပြီး
မာနကင်းပြီး ဂါရ၀ နိဝါတ ရှိသူများ အမျိုးမြတ်ပါ၏။
- မိမိ မသိသောအရာကို စုံစမ်းမေးမြန်းခြင်း မရှိသူများ ဥာဏ်ထိုင်းပြီး
စုံစမ်းမေးမြန်းရှိသူများ ဥာဏ်ကောင်းပါသည်။
No comments:
Post a Comment