Friday, October 1, 2010

လျစ်လျူမရှုသင့်သော အန္တရာယ် ကြီးမားသည့် လက္ခဏာရှစ်ခု

၁။ ဗိုက်အောင့် ဗိုက်နာခြင်း
ဗိုက်အောင့် ဗိုက်နာတာ ဆိုးဆိုးရွားရွား မဖြစ်ပေမယ့် တစ်ရက်၊ နှစ်ရက်နဲ့ မသက်သာဘဲ ဆက်လက် နာကျင်နေရင်တော့ အစာအိမ် အနာကြောင့် ဖြစ်နိုင်သလို သည်းခြေကျောက် ရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အူအတက်ရောင်တာလည်း ဖြစ်နိုင်တာကြောင့် ဗိုက်နာ ဗိုက်အောင့်တာပဲဆိုပြီး ပေါ့ဆ မနေသင့်ပါ။

၂။ ကိုယ်ပူကြီးခြင်း
ကိုယ်ပူချိန် ၁၀၁ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်တယ်၊ အန်တယ်၊ ဝမ်းသွားတယ်၊ စိတ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲမှုတွေ ရှိလာတယ်၊ ဒါမှမဟုတ် ကိုယ်ပူချိန်ကြီးတာအပြင် အသက်ရှူမြန်မယ်၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တချို့ ရှိမယ်၊ ခါးနာမယ်ဆိုရင် ဒါတွေဟာ အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ကုသမှု အမြန်ဆုံး ခံယူပါ။

၃။ ဝမ်းထဲ သွေးပါခြင်း
ဝမ်းထဲ သွေးပါတာက အစာဟောင်းအိမ်မှာ အနာတစ်ခုခု ရှိတာကြောင့် ဖြစ်နိုင်သလို၊ လိပ်ခေါင်းရောဂါ၊ အူရောင်ခြင်းနဲ့ အစာအိမ်ကင်ဆာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဒေါက်တာစတပ်ဖ်က ပြောပါတယ်။ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

၎။ ရုတ်တရက် စကားပြောမရခြင်း
အိပ်ငိုက်နေတာ၊ လှုပ်ရှားတုန့်ပြန်မှု နှေးကွေးနေတာ၊ အာရုံစူးစိုက်လို့ မရတာ၊ ရုတ်တရက် စကားပြောလို့ မရတော့တာတွေဟာ လေဖြတ်တော့မယ့် လက္ခဏာရပ်တွေပါ။ ပေါ့ဆမနေပါနဲ့။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြီး ကုသမှု ခံယူပါ။

၅။ အသက်ရှူရ ခက်ခဲခြင်း
အသက်ကို အားစိုက် ရှူနေရတာ၊ ဒါမှမဟုတ် လဲလျောင်းတဲ့အခါ အသက်ရှူရ ခက်ခဲနေတာတွေက နှလုံးရောဂါ ရုတ်တရက် ခံစားရတာ ဒါမှမဟုတ် အဆုတ်ရောင်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။

၆။ ခေါင်းကိုက်ခြင်း
ခေါင်းကိုက်တာက သင်သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် သွေးကြောတွေမှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှု ဖြစ်ပြီး သွေးကြော ကျယ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။

၇။ မျိုရခက်ခြင်း
အစားအစာနဲ့ အရည်တွေ မျိုရခက်ခဲရတာဟာ အစာရေမျိုပြွန်ကျဉ်းတာ၊ စားချဥ့်ပြန်တာ၊ အစာအိမ်မှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

၈။ အရေပြား ပြောင်းလဲခြင်း
သင့်အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့ အဖုအပိမ့်၊ အနာ၊ ဒါမှမဟုတ် အရောင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာဟာ ရောဂါပိုး ကူးစက်တာ၊ ရေကျောက်ပေါက်တာ၊ ဝက်သက်ပေါက်တာတွေ ဖြစ်နိုင်ပါတယ်။ အမှုမဲ့၊ အမှတ်မဲ့ မနေပါနဲ့။

ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)

No comments: