ကံစေရာနောက် ၊ ကောက်ကောက်ပါအောင်
ပုန်းရှောင်မရ ငါလိုက်ရပြီ
ဖွေရှာသိုမှီး ပစ္စည်းရွှေငွေ
ထွေထွေနှင့် ငါ့မြေငါ့အိမ်
စည်းစိမ်ဥစ္စာ ရတနာကို
ငါကခုံမင် မစွန့်ချင်လည်း
ငါပင်စွန့်ရ ပစ်ခဲ့ရပြီ
ငါကအမှန် မစွန့်ချင်သေးပါ။
သြော်- - -
မလိုက်မနေ နေချင်မရ
မစွန့်ချင်လဲ စွန့်ပစ်ခဲ့ရ
ကံကစီမံ ငါ့ကံအတိုင်း
အချိန်ပိုင်းလာ ခိုနားရာမှ
ပြန်လည်ကာလှမ်း ဘ၀ကြမ်းပြင်
ခရီးနှင်ပြီ ငါသည်အရင်
သွားနှင့်ပြီ . . .
(မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး)
No comments:
Post a Comment