Wednesday, September 28, 2011

မည်သူရေးမှန်း မသိတဲ့ ကဗျာလေးတစ်ပုဒ်

* ကျေးဇူးပဲ - ဆိုတဲ့

အပြုံးလေးတစ်ခုနဲ့ 

ကျေနပ်ခဲ့ရပေါင်းလားများပြီ။

* ကူညီပါ - ဆိုတဲ့

စကားလေးတစ်လုံးနှင့်လည်း

ညာခိုင်းခံရပေါင်းများပြီ။

* ခဏလေးပါ - ဆိုတဲ့

ငှားရမ်းမှုတွေကြောင့်

ဆုံးရှုံးခဲ့ရပေါင်းလည်းများပြီ။

* နက်ဖြန်ခါ - ဆိုတဲ့

ချိန်းဆိုမှုတွေကြောင့်

စောင့်ခဲရပေါင်းလည်းများခဲပြီ။

* သည်းခံပါ - ဆိုတဲ့

တောင်းပန်မှုတွေကိုလည်း

ခွင့်လွတ်ခဲ့ရပေါင်းများခဲ့ပြီ။

ဒါတွေကြောင့်လားမသိ

ကျွန်ုပ် အရေအပြားများ

ထူလွန်းအားကြီးလို့ 

ဆူးသွားနဲ့ ထိုးလည်းမပေါက်၊

အပ်ကိုပင် ကောက်စေခဲ့ပြီ..တဲ့၊

Tuesday, September 20, 2011

အချိန်ကုန် ငွေကုန် သက်သာစေဖို့

မီးကြိုးကို မှတ်မိစေဖို့---
ပလပ်ပေါက်တခုထဲမှာ မီးကြိုးရောင်တူတွေ ထိုးထားမိလို့ ဘယ်မီးခေါင်းက ဘယ်နေရာအတွက်ဆိုတာ မှတ်ရခက်နေရင် ပေါင်မုန့်ထုပ်ကို ပိတ်တဲ့ကတ်ပြားလေးနဲ့ မှတ်ထားပါ။ အပေါ်က ဘယ်အတွက် မီးကြိုးဆိုတာ ရေးထားနိုင်ရင် ဘယ်တော့မှ မမှားတော့ပါဘူး။
*****
လိပ်စာမပျက်ဖို့---
မိတ်ဆွေသူငယ်ချင်းတွေဆီကို ပစ္စည်းပဲပို့ပို့၊ စာပဲထည့်ထည့် မတော်တဆ ကိုယ်ရေးတဲ့ လိပ်စာပေါ် ရေစက်ကျတဲ့အခါ ဒါမှမဟုတ် မိုးရေစိုတဲ့အခါ လိပ်စာပျက်သွားနိုင်ပါတယ်။ ရေးပြီးတဲ့ လိပ်စာပေါ် ဖယောင်းတိုင်ကို လှိမ့်ပြီး ဖုံးသုတ်ထားပေးလိုက်မယ်ဆိုရင် ဒီအန္တရာယ်ကို ကာကွယ်ပြီးသား
ဖြစ်သွားပါလိမ့်မယ်။
*****
အမွေး မရှိဖို့---
အချစ်တော် ကြောင်လေး၊ ခွေးလေးတွေ မွေးတာကတော့ ကောင်းပါရဲ့၊ သင့်ကား ထိုင်ခုံတွေ၊ အိမ်ကပရိဘောဂတွေမှာ သူတို့ အမွေးတွေကပ်ငြိနေတာတော့ ပြဿနာပါပဲ။ ဒါပေမဲ့ အလွယ်လေးပါ။ ဆေးသုတ်တံရဲ့ ဒလိမ့်မှာ double tape ကိုပတ်ပြီး ဆိုဖာတွေ၊ ပရိဘောဂတွေပေါ် လိုက်လှိမ့်ပါ။ အမွေးတွေ တိပ်မှာကပ်ငြိပြီး ပါလာပါလိမ့်မယ်။
*****
ငရုတ်သီး လှီးပြီးရင် လက်မပူအောင်---
ငရုတ်သီး မလှီးခင် လက်ကို ဟင်းရွက်ဆီအနည်းငယ် သုတ်လိမ်းထားပါ။ လှီးပြီးပြီးချင်း လက်ကို ရေဆေးပါ။
*****
နှလုံး ရင်ခုန် သက်သာစေဖို့---
လေတိုက်ရင် ဝုန်းခနဲ ဝုန်းခနဲ ပိတ်တတ်တဲ့ တံခါးတွေကြောင့် နှလုံးတုန်၊ ရင်ခုန်တယ်ဆိုရင်တော့ တံခါးပတ္တာကြားမှာ ရေမြှုပ်တုံးကို double tape နဲ့ ကပ်ထားလိုက်ပါ၊ လေဘယ်လောက်ပြင်းပြင်း ဘာသံမှ မထွက်လာနိုင်ပါဘူး။
*****
မီးပူတိုက်စရာ မလိုပါ---
မီးပူတိုက်ရတာ ပျင်းရိသူတွေအတွက် နည်းလမ်းကောင်းတခု ပေးချင်ပါတယ်။ လျှော်ပြီးသားအဝတ်ကို
ရေထဲမှာ ၁၀-မိနစ်လောက်ကြာအောင် စိမ်ထားပါ။ ပြီးရင် ရေမညှစ်ဘဲ အင်္ကျီချိတ်မှာ လှမ်းထားလိုက်ပါ။ ဒီနည်းနဲ့ ခြောက်သွားတဲ့အင်္ကျီကို မီးပူတိုက်စရာမလိုဘဲ ဝတ်နိုင်ပါတယ်။
*****
ငရုတ်သီး အမြဲလတ်ဆတ်နေရန်---
ပူပြင်းတဲ့ရာသီမှာ ငရုတ်သီးတွေကို နဂိုအတိုင်း လတ်လတ်ဆတ်ဆတ် ဖြစ်အောင် သိမ်းထားမယ်ဆိုရင်တော့ ဆီအနည်းငယ် အကုန်ခံရပါမယ်။ ငရုတ်သီးတွေကို ဆီထဲ ၅-မိနစ်လောက် စိမ်းထားပြီး ပြန်ဆယ်ယူ၊
နေရောင် အောက်မှာ ၅-မိနစ်လောက် ထားပြီးမှ သိမ်းလိုက်ပါ၊ အမြဲလတ်ဆတ်နေပါလိမ့်မည်။
*****
လက်ဆော့ရာ ပျောက်လိုပါသလား---
ရေခဲသေတ္တာပေါ်မှာ ကျေးဇူးရှင်လေးတွေ လက်ဆော့ပြီး ဆွဲထားတဲ့ ဂန္ထဝင်မြောက် ရုပ်ပုံတွေကို အလွယ်တကူ ပျောက်စေချင်ပါသလား၊ သူတို့ခြစ်ထားတဲ့ ခဲတံ၊ ဘောပင် အရာတွေပေါ်မှာ သွားတိုက်ဆေး နည်းနည်းကို လူးပြီး အဝတ်သန့်သန့်လေးတခုနဲ့ သုတ်ပေးလိုက်ရုံပါပဲ။
*****
ကော်ဇောပေါ်က အဖိရာ---
ကြီးမားလေးလံတဲ့ ပရိဘောဂတခုခု တင်ထားမိလို့ ချိုင့်ဝင်ပြီး အရာထင်နေတာကို နဂိုအတိုင်း ပြန်ဖြစ်ချင်ရင် ရေခဲတုံးလေးသာ တင်ထားလိုက်ပါ။ အဲဒီရေခဲတုံးလေး တဖြည်းဖြည်း အရည်ပျော်ပြီး ခြောက်သွားတဲ့အခါ ထင်နေတဲ့ အချိုင့်ရာလည်း ပျောက်သွားပါလိမ့်မယ်။
*****
ဆေးခါးကြီး ရှောရှူ ဝင်စေရန်---
တချို့ဆေးတွေက ခါးလွန်းလို့ အဝင်ဆိုးနေပါသလား၊ ဆေးမသောက်ခင် ရေခဲတုံးလေးတတုံးကို တအောင့် ငုံလိုက်ပါ။ လျှာတွေအေးပြီး ထုံကျင်နေတုံးမှာ ဆေးသောက်ချလိုက်ပါ။ ဘယ်လောက်ခါးခါး ဘာအရသာမှ မခံစားရတော့ဘဲ ရှောရှောရှူရှူ ဝင်သွားပါလိမ့်မယ်။
*****
အဝတ်မှာ ဆံပင်ဆိုးဆေး စွန်းထင်ရင်---
ဆံပင်ဆိုးရင်း မတော်တဆ ကိုယ်နှစ်သက်တဲ့ အဝတ်အစားလေးပေါ် ဆိုးဆေးတွေစင်ပြီး ကွက်ကုန်ပါသလား၊ ဆံပင်ကိုဖျန်းတဲ့ Hair Spray ကို အဲဒီအစွန်းကွက်ပေါ် ဖျန်းလိုက်ပါ။ အစွန်းကွက်တွေ လျင်မြန်စွာ
ပျောက်သွားပါလိမ့်မယ်။

Tuesday, September 13, 2011

အိမ်ထောင် မပြုခင် ဆေးစစ်မှု

အိမ်ထောင် မပြုခင် ဘာတွေကို ဆေးစစ်မှု လုပ်သင့်လဲ ဆိုတာ ကတော့ -
1. Chromosomal Disorder (Blood Karyotyping)

Chromosome ဆိုတာကတော့ ခန္ဓာကိုယ် လုပ်ငန်း ဆောင်တာ အားလုံးရဲ့ မျိုးရိုး ဗီဇ သော့ချက် တွေကို ထိန်းချုပ် တဲ့ အရာပေါ့ဗျာ။ ဒီကောင် တွေ အစီအစဉ် မကျဖြစ်တော့ ကလေးမယ် ဒုက္ခ ရောက်ရ တော့တာပေါ့။ စာရှုသူတို့ သိနေပြီးတဲ့ Downs Syndrome ဆိုတာ ဒီကောင်တွေ တလွဲ ဖြစ်ရ လို့ပေါ့။ (Downs Syndrome ) ကတော့ အမေ အသက် ကြီးမှ ကိုယ်ဝန် ဆောင်ရင်လည်း ဖြစ်တတ်ပါတယ်)
Karotyping ဆိုတာကို ဘာကြောင့် လုပ်လဲ ဆိုတော့ -
မိဘမှာ ကလေးကို ဒုက္ခ ပေးနိုင်မယ့် ပုံမှန် မဟုတ်တဲ့ Chromosome ရှိမရှိ စမ်းသပ် ဆုံးဖြတ်ချင်တဲ့အခါ
အမေကို ကိုယ်ဝန် မရနိုင်အောင် (သို့) ကိုယ်ဝန် ပျက်ကျ အောင် လုပ်နိုင်တဲ့ Chromosome ချို့ယွင်းချက် ရှိမရှိ ထစသဖြင့် စမ်းသပ် စစ်ဆေး ချင်တဲ့အခါ မျိုးတွေ မှာ လုပ်ပါတယ်။

2. Thalassemia Test

Thalassemia ဆိုတာ ကတော့ မိဘများကနေ သားသ္မီးဆီကို မျိုးရိုး ဗီဇကြောင့် ဖြစ်သွား ရတဲ့ သွေးရောဂါ တမျိုးပါပဲ။ (ဆွေမျိုးနီးစပ်ချင်း အိမ်ထောင် ပြုတဲ့ အခါမျိုးမှာ ဖြစ်တတ် ပါတယ်)
ဒါ့ကြောင့် ဘယ်သူမှ ပြုပြင် ပြောင်းလဲ နိုင်စွမ်း မရှိတဲ့ နိယာမ (၅)ချက် ထဲက တစ်ခုအပါအ၀င် ဖြစ်တဲ့ ဒီ ဗီဇနိယာမကို ကြိုတင် သိရှိ ဆင်ခြင်ခြင်း ဖြင့်သာ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။

3. HIV ပိုးရှိမရှိစစ်ခြင်း

မြင်ရုံနဲ့တော့ သန့်မှန်း မသိနိုင်ဘူး ဆိုသလို ပါပဲ … ဒီပိုး ရှိသူ အများစုဟာ ကိုယ်ကိုယ်ကို ပိုးရှိ နေမှန်း မသိကြပါဘူး ။ သွေးစစ် ရင်တောင် မှ HIV Antibody Test ကို စစ်လို့ ရှိရင် ခန္ဓာကိုယ် ထဲကို ပိုးစ ၀င်တဲ့ (၆) ပါတ်ကနေ (၁၂)ပါတ်ထိမ တွေ့ နိုင်ပါဘူး။ တချို့မှလည်း (၆)လ ထိတိုင်အောင် မတွေ့ရ ပါဘူး။ ဒီကာလကို Window period လို့ခေါ်ပါတယ်။ ကိုယ်ထဲကို ပိုးက ၀င်နေပေမယ့် ခန္ဒာကိုယ် ကနေ ဒီပိုးကို တုန့်ပြန်တဲ့ ပဋိပစ္စည်း Antibody က မထွက်သေးတော့ ဆေးစစ်တဲ့အခါမှာ Negative ပြနေပါတယ်။ Antigen Test (သို့) PCR TEST ကို စစ်ရင်တော့ (၂)ပါတ် ကနေ (၃)ပါတ် အတွင်းမှာ ဒီပိုး ကူးစက်ခြင်း ရှိမရှိ ဆိုတာကို သိနိုင်ပါတယ်။ ဒီ ရောဂါပိုး ဟာ တစ်ဦးကို တစ်ဦး ကူးစက် နိုင်တဲ့ အပြင် မွေးဖွားလာမယ့် ကလေးကိုပါ ကူးစက် နိုင်ပါတယ်။

4. အသဲရောင်အသားဝါ ဘီပိုး နဲ့ စီပိုး (Hepatitis B & C) ကိုစစ်ခြင်း

ဒီပိုးတွေကလည်း HIV ပိုးလိုပဲ လိင် ကနေ တဆင့် ကူးစက် နိုင်တာကြောင့် ကြိုတင် စစ်ဆေး သင့်ပါတယ်။ ဒီပိုးတွေက အသဲရောင် အသားဝါ ရောဂါကို ဖြစ်စေရုံ သာမက ဘဲ အသဲခြောက်ခြင်း နဲ့ အသဲကင်ဆာ တို့ အထိ ဖြစ်နိုင်ပါတယ်။

5. VDRL Test (ကာလသား ရောဂါပိုး အတွက် စစ်ခြင်း)

အမေ လုပ်တဲ့သူမှာ ကာလသား ရောဂါရှိနေရင် ကလေးတွေ့ရဲ့ တစ်ဝက် နီးပါးဟာ မမွေးခင် မှာဖြစ်စေ မွေးပြီးတဲ့ နောက်မှာ ဖြစ်စေ အသက် သေဆုံး နိုင်ပါတယ်။ အသက် ရှင်ခဲ့ရင်လဲ ကလေးဟာ ကြီးထွားမှု နှေးကွေး တာတွေ ၊ အမြင် / အကြား အာရုံတွေ ချို့ယွင်း တာတွေ … စသ ဖြင့် ဖြစ်နိုင် ပါတယ်။ ကိုယ်ဝန် ဆောင်စဉ် ကာလမှ စောစောစီးစီး စီစစ်မိပြီး antibiotics ပိုးသတ်ဆေး အသုံးပြုမယ် ဆိုရင်တော့ ရောဂါ ပျောက်ကင်း နိုင်ပါတယ်။

6. Thyroid Function Test

Thyroid ဆိုတာက gland (အကျိတ် တခု) ပဲ။ သူကနေပြီးတော့ Thyroid Hormone ဆိုတဲ့ ဟော်မုန်း တမျိုးထွက်တယ်။ ဒီ ဟော်မုန်း က ခန္ဒာကိုယ် ရဲ့ ဇီဝကမ္မ ဖြစ်ပျက် အားလုံးမှာ ပါဝင်ရတဲ့ ဟော်မုန်း ပဲ။ ကလေးတွေအတွက်က ခန္ဓာကိုယ် ကော ဦးနှောက် ကော ဖွံဖြိုးဖို့ရာ အတွက် အရမ်း လိုအပ်တယ်။ ကိုယ်ဝန် ဆောင်စဉ်မှာ ဒီဟော်မုန်း က နည်းနေရင် ကလေးမှာက ဥာဏ်ရည် မမီတာတွေ ၊ ဖွံဖြိုးမှု နှေးတာတွေ … စသဖြင့် ဖြစ်နိုင်တယ်။ ဒါကြောင့် အိမ်ထောင် မပြုမီက တိုင် ဒီဟော်မုန်းတွေ နည်းမနည်း ကြိုသိ ထားတဲ့အခါ ကြိုတင် ကာကွယ်မှု ပြုလုပ် နိုင်ပါတယ်။

7. သွေးချိုဆီးချို ရှိမရှိ စစ်ဆေးခြင်း (Blood Sugar)

အမေ လုပ်တဲ့သူမှာ ၎င်းရောဂါ ရှိနေရင် ကိုယ်ဝန်ဆောင် တဲ့အခါမှာ ကလေးကော အမေအတွက်ပါ အန္တရာယ် ရှိနိုင်ပါတယ်

8. Male Fertility Test

အမျိုးသား၏ သုတ်ထဲတွင် ပါသော သုတ်ကောင် (Sperm) များ ၏ အရည်အသွေး စွမ်းဆောင်ရည် သည် ကိုယ်ဝန် ရနိုင် စေခြင်း ရှိမရှိ စစ်ဆေးခြင်း

9. Female Fertility test

အမျိုးသမီးကို ကိုယ်ဝန် ရနိုင်ခြင်း ရှိမရှိ စစ်ဆေးခြင်း (အမျိုးသမီး ၏ ရာသီစက်ဝန်း (၃) ရက်မြောက် နေ့တွင် (Day 3 FSH test ) ဆိုသည့် (Follicle Stimulating Hormone) ကို စစ်ဆေး တိုင်းတာခြင်း

10. အခြား စမ်းသပ် စစ်ဆေးသော (TESTS) များမှာ -

Biochemical and Metabolic Disorder Analysis
* Sickle Cell Anemia Test
* Congenital Hypothyroidism – TSH
* G6PD Deficiency
* Galactose – (Gal and Gal- 1-P)
* Galactose – Uridyltransferase
* Phenylketonuria
* Other Metabolic Disorders

Organic Acidemias:
- 3 Hydroxy 3 Methylglutaryl CoA Lyase Deficiency ( HMG )
- Glutaric Acidemia Type 1
- Isobutyryl CoA Dehydrogenase Deficiency
- Isovaleric Acidemia
- 2 Methylbutryl CoA Dehydrogenase Deficiency
- 3 Methylcrotonyl CoA Carboxylase Deficiency
- Methylmalomic Acidemia
- Mitochondrial Acetoacetyl CoA Thiolase Deficiency
- Propionic Acidemia
- Multiple – CoA Carboxylase Deficiency

Acylcarnitine Profile :
- Carnitine / Acylcarnitine Translocase Deficiency
- 3 Hydroxy Long chain Acyl CoA Dehydrogenase Deficiency
- Medium Chain Acyl CoA Dehydrogenase Deficiency (MCAD)
- Multiple Acyl Co A Dehydrogenase Deficiency ( Glutaric Acidemia)
- Neonatal Carnitine Palmitoyl Transferase Deficiency
- Short Chain Acyl Co A Dehydrogenase Deficiency
- Short Chain Hydroxy Acyl Co A Dehydrogenase Deficiency
- Trifunctional Protein Deficiency
- Very Long Acyl Co A Dehydrogenase Deficiency
- Octanoyl Carnitine ( C8 )

Amino Acid Profile:
- Carbamylphosphate Synthetase Deficiency
- Dienoyl Co A Reductase Deficiency
- 5 – Oxoprolinuria ( Pyroglutamic Acidemia)
- Hyperammonemia,Hyperornithinemia,Homocitrullinemia Syndrome(HHH)
- Hyperornithinemia with Gyral Atrophy
- Hyperargininemia due to Arginase
- Malonic Aciduria
- Ornithine Transcarbamylase Deficiency
- Arginase Deficiency
- Biotinidase Deficiency
- Congenital Adrenal Hyperplasia
- Cystic Fibrosis
- Hemoglobin mutations

ဒေါက်တာ စိုင်းဝေအောင်

Monday, September 12, 2011

Hepatitis B

Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက်ရောဂါအပြင်းစားဖြစ်သည်။ အသဲကင်ဆာ၊ အသဲခြောက်ရောဂါနှင့်၊ အသဲအလုပ် မလုပ်တော့ခြင်းတို့ကို ဆက်ဖြစ်စေနိုင်သည်။ HIV ကဲ့သို့ သွေး-ဆေးထိုးအပ်မှတဆင့်၎င်း၊ ကိုယ်ကထွက်သော အရည်များက၄င်း၊ မိခင်က ကလေးသို့၎င်း၊ လိင်ဆက်ဆံခြင်းမှ၎င်း ကူးစက်နိုင်သည်။ သို့သော် HIV ထက် အဆ (၁၀၀) ပို၍ ကူးစေသည်။ အချို့မှာ လက္ခဏာများ ဆိုးစေကာမူ ပျောက်ကင်းသွားသည်။ ကလေးများဖြစ်လျှင် ပိုဆိုးနိုင်သည်။ (၆) လ အောက် ရက်တိုနှင့် (၆) လအထက် နာတာရှည် (၂) မျိုးဖြစ်နိုင်သည်။

Signs and symptoms ရောဂါလက္ခဏာများ
လက္ခဏာ မပေါ်ဘဲ ပိုးရှိနေတတ်သည်။ ပိုးဝင်ပြီး တလခွဲအကြာ လက္ခဏာများ ပေါ်မည်။ အစားပျက်ခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်ခြင်း၊ ဗိုက် အသဲနေရာနာခြင်း၊ ဆီးအရောင် ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း။

Hepatitis B surface antigen (HBsAg), Antibody to hepatitis B surface antigen (anti-HBs), Antibody to hepatitis B core antigen (anti-HBc) တို့ကို စမ်းသပ်ခြင်းဖြင့် ရောဂါပိုးရှိ-မရှိ သိနိုင်သည်။
ပိုးနှင့်တွေ့သည်ဟု သံသယရှိပါက Hepatitis B immune globulin within 24 hours နှင့် Hepatitis B vaccine x 3 doses ဆေးထိုးရမည်။ Interferon, Lamivudine (Epivir-HBV), Adefovir dipivoxil (Hepsera), Entecavir (Baraclude) ဆေးများပေးနိုင်သည်။
Liver transplantation အသဲအစားထိုးခြင်း လုပ်နိုင်သည်။

Hepatitis C, D, E

(စီ) ပိုးသည် လက္ခဏာမပေါ်ဘဲ ပိုးရှိနေတတ်သည်။ Hepatitis C virus (HCV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက်ရောဂါ အပြင်းစား ဖြစ်သည်။ ဥပမာ အသဲကင်ဆာ၊ အသဲခြောက်ရောဂါနှင့် အသဲအလုပ်မလုပ်တော့ခြင်း တို့ကို ဆက်ဖြစ်စေနိုင်သည်။ လိင်မှတဆင့် မကူးစက်။ ဆေးထိုးအပ်ကတဆင့် ကူးစက်သည်။ မိခင်မှ ကလေး ကူးသည်။ ကာကွယ်ဆေး မရှိသေး။ အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အနည်းငယ် အားယုတ်ခြင်း၊ ဗိုက် အသဲနေရာ နာခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊ တုပ်ကွေးလိုဖြစ်ခြင်း၊ သွေးစစ်၍ သိနိုင်သည်။ အချို့က ပျောက်သွားနိုင်သည်။ အချို့က နာတာရှည်ဖြစ်မည်။

Weekly injections of a drug called pegylated Interferon alfa combined with Ribavirin (Rebetol) BD ဆေးများ ပေးနိုင်သည်။ အသဲ အစားထိုးခြင်း လုပ်နိုင်သည်။

Hepatitis D
(HDV) သည် လိင်-သွေးမှတဆင့် ကူးသည်။ (ဘီ) ပိုးရှိနေမှ (ဒီ) ပိုးကူးသည်။ အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အားယုတ်ခြင်း၊ ဗိုက် အသဲနေရာ နာခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊ (ဘီ) ပိုး ကာကွယ်ဆေး ထိုးသင့်သည်။ Interferon-alfa ဆေးပေးခြင်း၊ အသဲအစားထိုးခြင်း လုပ်ပေးနိုင်သည်။

Hepatitis E
(ဗိုင်းရပ်စ်) ပိုး (E) သည် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ နာတာရှည်ဖြစ်စေသည်။ ကင်ဆာ ဖြစ်သွားစေသည်။ ကူးစက်ပုံမတူ၊ HIV-AIDS ကဲ့သို့ ဆေးထိုးအပ်မှ၎င်း၊ ကျား-မ အတူနေ၍၄င်း ကူးသည်။ မိခင်မှ ကလေးအား ကူးသည်။ (ဘီ) ပိုးရှိနေမှ (ဒီ) ပိုးကူးသည်။ အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အားယုတ်ခြင်း၊ ဗိုက် အသဲနေရာ နာခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း တို့ဖြစ်မည်။ ကိုယ်ဝန်ဆောင်များ၌ အဖြစ်များသည်။ နာတာရှည်မဖြစ်၊ (အေ) ကဲ့သလို့ အစား-ရေကတဆင့် ကူးစက်သည်။

ကူးစက်ပုံများ၊
• (အေ) နှင့် (အီး) တို့သည် (စအို) မှ ထွက်၍ (ပါးစပ်) သို့ ၀င်သည့်လမ်းကြောင်းက ကူးစက်သည်။
• (ဘီ) သည် အတူနေခြင်း၊ လိင်လမ်းကြောင်း၊ ဆေးထိုးအပ်၊ ကလေးအား မိခင်တို့မှတဆင့် ကူးသည်။
• (စီ) သည် ဆေးထိုးအပ်မှ ကူးသည်။
• (ဒီ) သည် ထိတွေ့ခြင်းနှင့် ဆေးထိုးအပ်တို့မှ ကူးသည်။ (ဘီ) ရှိနေလျှင် ဖြစ်တတ်သည်။
• (စအို) မှထွက်၍ (ပါးစပ်) သို့ဝင်သည့် လမ်းကြောင်းက ကူးစက်သည့် အခြားရောဂါများမှာ ၀မ်းပျက်ခြင်း၊
ဝမ်းကိုက်ခြင်း၊ ကာလ၀မ်း ရောဂါ၊ အူရောင်ငမ်းဖျားခေါ် တိုက်ဖွိုက် (Typhoid) ရောဂါ၊

ကာကွယ်ပုံ
• လိင်ဆက်ဆံရာ၌ (ကွန်ဒွန်း) အကာကွယ်ယူရမည်။
• ဆေးထိုးအပ်၊ (ရေဇာ)၊ သွားတိုက်တံ၊ လက်သည်းညှပ် စသည်တို့ကို တဦးတည်းအတွက်သာ သုံးရမည်။
• သွေးသွင်း၊ သွေးလှူလျှင် စစ်ဆေးးရမည်။

ကာကွယ်ဆေးထိုးခြင်း
ကာကွယ်ဆေးများ၊ (အေ) (၂) ခါ၊ (ဘီ) (၃) ခါ ထိုးပါ။
အိန္ဒိယတွင် အသဲရောင်အသားဝါ (B) ပိုးအတွက်သာ ရှိသည်။ (၆) လခြား (၃) ခါ ထိုးရသည်။
အသဲရောင် အေ နှင့် ဘီ ကာကွယ်ဆေးများအကြောင်း သည်းသန့်ဖေါ်ပြထားသည်။

ကုသခြင်း
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။
• အသဲအားဆေး သောက်ပါ၊ ထိုးပါ၊
• (ဘီ) ပိုးနှင့် ထိတွေ့ရပါက Hepatitis B immune globulin injection ကို ၁၄ ရက်အတွင်း ထိုးပါ။ Hepatitis B ကာကွယ်ဆေး (၃) ခါထိုးပါ။
• (စီ) ဖြစ်လျှင် (အေ) (၂) ခါ၊ (ဘီ) (၃) ခါ ကာကွယ်ဆေးများ ထိုးပါ။
• (စီ) အတွက် Pegylated Interferon and Ribavirin ဆေးပေးရသည်

Hepatitis B

Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက်ရောဂါအပြင်းစားဖြစ်သည်။ အသဲကင်ဆာ၊ အသဲခြောက်ရောဂါနှင့်၊ အသဲအလုပ် မလုပ်တော့ခြင်းတို့ကို ဆက်ဖြစ်စေနိုင်သည်။ HIV ကဲ့သို့ သွေး-ဆေးထိုးအပ်မှတဆင့်၎င်း၊ ကိုယ်ကထွက်သော အရည်များက၄င်း၊ မိခင်က ကလေးသို့၎င်း၊ လိင်ဆက်ဆံခြင်းမှ၎င်း ကူးစက်နိုင်သည်။ သို့သော် HIV ထက် အဆ (၁၀၀) ပို၍ ကူးစေသည်။ အချို့မှာ လက္ခဏာများ ဆိုးစေကာမူ ပျောက်ကင်းသွားသည်။ ကလေးများဖြစ်လျှင် ပိုဆိုးနိုင်သည်။ (၆) လ အောက် ရက်တိုနှင့် (၆) လအထက် နာတာရှည် (၂) မျိုးဖြစ်နိုင်သည်။

Signs and symptoms ရောဂါလက္ခဏာများ
လက္ခဏာ မပေါ်ဘဲ ပိုးရှိနေတတ်သည်။ ပိုးဝင်ပြီး တလခွဲအကြာ လက္ခဏာများ ပေါ်မည်။ အစားပျက်ခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်ခြင်း၊ ဗိုက် အသဲနေရာနာခြင်း၊ ဆီးအရောင် ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း။

Hepatitis B surface antigen (HBsAg), Antibody to hepatitis B surface antigen (anti-HBs), Antibody to hepatitis B core antigen (anti-HBc) တို့ကို စမ်းသပ်ခြင်းဖြင့် ရောဂါပိုးရှိ-မရှိ သိနိုင်သည်။
ပိုးနှင့်တွေ့သည်ဟု သံသယရှိပါက Hepatitis B immune globulin within 24 hours နှင့် Hepatitis B vaccine x 3 doses ဆေးထိုးရမည်။ Interferon, Lamivudine (Epivir-HBV), Adefovir dipivoxil (Hepsera), Entecavir (Baraclude) ဆေးများပေးနိုင်သည်။
Liver transplantation အသဲအစားထိုးခြင်း လုပ်နိုင်သည်။

Hepatitis A အသဲရောင် အေ

Hepatitis A အသဲရောင် အေ = Viral Hepatitis/Infectious Hepatitis
• ကူးစက်ရောဂါဖြစ်သည်။
• (ဗိုင်းရပ်စ်) ပိုးများမှ ကူးသည်။
• ဒေလီတွင် ကူးစက်နေသည်။ အသေအပျောက်ရှိသည်။
• ဇူလိုင်၊ သြဂုတ်၊ စက်တင်္ဘဘာ (၃) လ အထူး ဂရုစိုက်ပါ။

ရောဂါလက္ခဏာများ
1. အားနည်းခြင်း ခံစားရသည်၊
2. မစားချင်၊ မသောက်ချင် ဖြစ်လာသည်၊
3. ဖျား၊ ချမ်း၊
4. ခေါင်းကိုက်၊
5. ပျို့၊ အန်၊
6. အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ၀ါလာသည်။ Jaundice ဟုခေါ်သည်။ ဖြစ်စေသော အခြားရောဂါ အများအပြားလဲ ရှိသည်။
7. အသဲရောင်သဖြင့် ရင်ဘတ်ညာဘက်အောက်ပိုင်းနေရာ သို့မဟုတ် ၀မ်းဗိုက်ညာဘက် အထက်ပိုင်းနေရာ၊ သို့မဟုတ် ရင်ခေါင်းနေရာက နာလာသည်။

ကာကွယ်ပုံ
• ပါးစပ်ထဲဝင်သည့် (ရေ၊ နို့၊ ဖျော်ရည်) တို့ကို ပွက်သွားအောင် ကြို၍သောက်ပါ။ ရေသန့်ဆေး (Chlorine tablet) ထည့်၍ သုံးပါ။ ပွက်သွားအောင် ကြိုမထားသောရေနှင့် ရေသန့်ဆေး ထည့်မထားသောရော၊ ရေသန့်ပုလင်းကရေ မဟုတ်ပါက မသောက်ပါနှင့်၊
• (အစားအစာ) တို့ကို ပွက်အောင်ပြုတ်၊ ကျော်၊ ပေါင်း၊ ချက်ထားသည့်အစာကို ပူနွေးနေစဉ် စားပါ။ ချက်ပြုတ်ပြီးပါက ယင်ကောင် မနားစေရန် ဖုံးအုပ်ထားပါ။ ယင်ကောင်၏ ခြေထောက်၌ ပိုးကပ်ပါလာနိုင်သည်။ အပြင်းစာ၊ အပြင်ဆိုင်က ရောင်းသည့် အစာများကို သန့်-မသန့် စစ်ဆေးပြီးမှ စားပါ။ ဖြစ်နိုင်လျှင် မစားပါနှင့်။ ရောဂါရှိသူ ချက်ပြုတ်ကျော်လှော်ဆေးကြောသည်မှ ကူးစက်နိုင်သည်။
• Hepatitis A အသဲရောင်အသားဝါရောဂါ အေ ကာကွယ်ဆေးသည် 95% ထိရောက်သည်။

အခြားနည်းများ
• ရေလောင်းအိမ်သာကိုသာ သုံးပါ။ မရှိပါက ယင်လုံအိမ်သာ သုံးပါ။
• ဆီးဝမ်းသွားပြီးတိုင်း ဆပ်ပြာနှင့် လက်ဆေးပါ။
• အသီးအနှံများကို မစားမီ ရေသန့်သန့်ဖြင့် ဆေးပါ။ ဆားရေဖြင့်ဆေးက ပိုကောင်းသည်။

ကုသခြင်း
• အနားယူပါ၊
• ရေ၊ အရည်များများသောက်ပါ။
• လိုအပ်ပါက သွေးထဲ သွင်းပေးပါ၊
• အဆီ၊ ဆီ လျှော့စားပါ၊
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။
• အသဲအားဆေး သောက်ပါ၊ ထိုးပါ၊

အသဲ၏အလုပ်များ

အသဲသည် အလုပ်ပေါင်းများစွာ လုပ်ပေးသည်။
1. အစာထဲက အဆီ၊ ဆီတို့ကို အစာခြေပေးသည်၊
2. အား (အင်နာဂျီ) ကို သိုလှောင်ထားသည်၊
3. အဆိပ်အတောက်ကို ဖယ်ရှားပစ်သည်၊
4. (ဘိုင်းလ်) အစာခြေရည် ထုတ်ပေးသည်၊
5. ကိုလက်စထရော-သွေးခဲစေသည့် ပစ္စည်းများ၊ ပရိုတင်းများ ထုတ်လုပ်ပေးသည်။

စမ်းသပ်ခြင်း
1. အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ၀ါခြင်း၊
2. အသဲကြီးခြင်း၊
3. အသဲနေရာက နာခြင်း၊
4. LFT အသဲလုပ်ငန်းများအား စစ်သောအခါ (ဘီလီရူဗင်) များနေသည်။

• (ဗိုင်းရပ်စ်) ပိုး (၅) မျိုးရှိသည်။ A, B, C, D, E တို့ဖြစ်ကြသည်။
• (ဗိုင်းရပ်စ်) ပိုးမှ ကူးသည့် အခြားရောဂါများမှာ အအေးမိခြင်း၊ ခွေးရူးပြန်ခြင်း၊ အချို့သော ကင်ဆာရောဂါများ၊ ဦးနှောက်အမြှေးပါး ရောင်ခြင်း၊ ရေယုံ၊ ၀က်သက်ရောဂါ၊ တုပ်ကွေး၊ ရေကြောက်၊

Saturday, September 10, 2011

သွားချေး (ဂျီး) ချွတ်ခြင်းအကြောင်း

- သွားမှာ ချေးဖြစ်ရခြင်း အကြောင်းရင်းကိုသိချင်ပါတယ် ဆရာ။

သွားမှာ ချေး ဖြစ်ရခြင်း အကြောင်းက အမျိုးမျိုး ရှိတယ်။ နံပါတ်(၁) ဆေးလိပ် သောက်လို့ ဖြစ်တာ။နံ ပါ တ် ( ၂ ) သောက်တဲ့ ရေထဲမှာ သံ ဓာတ်တွေများ လို့ ဖြစ်တာ။ နံပါတ်(၃)တချို့ကငယ်ငယ်ကတည်းကကျန်းမာ ရေးချို့တဲ့လို့၊ ပဋိဇီဝဆေး (Antibiotics) တွေ သောက်ရလို့ စတာတွေကြောင့် သွားမှာ အရောင် တွေ၊Spot တွေဖြစ်ရတာပေါ့။ Pigment တွေ လက်သည်းပွင့်သလိုမျိုးဖြစ်တာ။နောက် တစ်ခုက အစားအစာ ထဲမှာ ပါတဲ့ ကစီဓာတ် တွေ သွားမှာကပ်ပြီး တဖြည်းဖြည်း ကယ်လ်စီယမ်တွေ အနည်ကျလာပြီး မာလာပြီးတော့ ကျောက်ဖြစ်တာ။ အဲဒီလိုမျိုးတွေပေါ့။

ကွမ်းစားတဲ့လူတွေရောဖြစ်တတ်လားဆရာ

ကွမ်းစားတဲ့လူလည်းဖြစ်တယ်။ အဲဒါကအလေ့ အကျင့်ကြောင့် ပေါ့။ ခုနက ဆေးလိပ် သောက်တဲ့ လူလိုမျိုးပဲ။

သွားချေးကလူကိုဒုက္ခပေးသလားဆရာ၊ဘာ ကြောင့်ပါလဲ

အဓိက လူကိုဒုက္ခပေးတာကတော့ ကျောက်တွေ ကြောင့်ပေါ့။ ခုနဟာတွေက ဒုက္ခတော့ပေးတယ်။ ဒါပေမယ့် သွားဖုံးကို ဆိုးဆိုးရွားရွား သိပ်မထိခိုက်စေနိုင်ဘူး။ ဆေးလိပ် သောက်တာ၊ ကွမ်းစားတာကလျှာတွေဘာတွေမှာ ကင်ဆာ ဖြစ်စေနိုင်တယ်။ ဆေးရွက်ကြီးငုံတာက အနာတွေဖြစ်နိုင် တယ်။ အဲဒါတွေကတောံ့ဘေငအကေူ နြ့လေငသကမ ဆိုတဲ့ ဓလေ့ စရိုက်ကြောင့်ပေါ့။ ဆရာပြောတဲ့ ခုန ကျောက်တွေ ကတော့ နှစ်မျိုးနှစ်စား ရှိတယ်။ အပေါ်ယံကျောက်နဲ့ သွားဖုံး ထဲက ကျောက်ပေါ့။ အဲဒါတွေက ထမင်းစားတဲ့အခါမှာ လှုပ်ရှားမှုရှိတော့ ကျောက်တွေကပ်လာတဲ့အခါမှာ ကျောက် တွေက သွားဖုံးကိုထိုးတယ်။ ပထမ နည်းနည်းလေး ရောင် လာမယ်။ နောက်သွေးတွေဘာတွေထွက်မယ်။ နောက် ပါးစပ်က မကောင်းတဲ့အနံ့တွေဘာတွေ ထွက်လာမယ်။ နောက်ပြီး အဲဒီ Infection က သွား နဲ့ သွားဖုံးရဲ့ကြားမှာ ကူရှင်လေးလို အလယ်မှာခံထားတဲ့ အရာလေးကို ပြည်တည်ပြီးတော့ အဲဒါက ပြည် ကြောင့် တဖြည်းဖြည်းနဲ့ ပျက်သွား တယ်။ အဲဒီတော့ သွားတွေက သူ့ရဲ့ အရိုးထဲမှာ လှုပ်ရှားမှုဖြစ်ပြီး ရေစီးကမ်း ပြိုလိုက်တာမျိုးဖြစ်လာမယ်။ ပထမပိုင်း စဖြစ်ကာစကတော့ဒီလောက်မသိသာ သေးဘူး။ တဖြည်းဖြည်းများလာရင် တော့ သိသာလာမယ်။ ရေစီးကမ်းပြို ဖြစ်ပြီးပျက်စီးတတ်တဲ့အတွက် လူတိုင်း ခြောက်လတစ်ကြိမ် သွားတွေကို သွား ဆရာဝန်နဲ့ စစ်သင့်တယ်။

ဒီရောဂါဖြစ်ရင် ဘယ်လိုကုသ ရမလဲ ဆရာ

Calculus ကို ခြစ်ထုတ်ရမယ်။ Subgingival cavity မှ ကျောက်ကို လည်းခြစ်ထုတ်လိုက်မယ်ဆိုရင် ဒီ ရောဂါကို ကာကွယ်နိုင်မှာပါ။ အရမ်း ဆိုးဝါးရင်တော့ Antibiotics ပဋိဇီဝ ဆေးကို စားပြီးတော့ ကုသနိုင်တယ်။ ဒါကတော့ ကုသမှုပိုင်းပေါ့။ ခုနပြော သလို ရေသောက်လို့၊ ကွမ်းစားလို့ ဖြစ်တဲ့ Stain တွေက ခြစ်ထုတ်ပစ် လို့ရတယ်။ ငယ်ငယ်တုန်းက စားရတဲ့ ပဋိဇီဝဆေးကြောင့် Spot တွေ၊ Pigment ရောင်ခြယ်တွေဖြစ်တာက တော့ လုပ်လို့မရဘူး။ ဆေးငုံတာ၊ ဆေးရွက်ကြီးငုံတာ တွေကြောင့် ကင်ဆာရောဂါတွေ ဖြစ် နိုင်တဲ့အတွက် ဒီအလေ့အကျင့်ဆိုး တွေကို ဖျောက်ပစ်ရမယ်။

- ဒီလိုမဖြစ်အောင် ဘယ်လို ကာကယ်ရမလဲဆရာ

ဒီလို သွားမှာ ချေးမဖြစ်အောင် စနစ်မှန်သွားတိုက်နည်းကို သေသေ ချာချာလိုက်နာပြီး တိုက်ရမယ်။ သွား ပွတ်တံကလည်း အရမ်း မကြမ်းရဘူး။ အရမ်းလည်း မနုရဘူး။ သွားပွတ်တံ ကို ခြောက်လတစ်ကြိမ် အသစ်လဲ လှယ်ရမယ်။ ဒီနည်းလမ်းတွေကို လိုက် နာကျင့်သုံးပါက ကျောက်တည်တာ သက်သာတယ်။ သွားထပ်တဲ့လူတွေ ကတော့ သွားရဲ့ ချောင်ကြိုချောင် ကြားမှာ ကပ်နေနိုင်တာဆိုတော့ ပို ဂရုစိုက်ရမယ်။ ခြောက်လတစ်ကြိမ် သွားဆရာဝန်နဲ့ပြပြီး စစ်ဆေးသင့် ပါတယ်။
(ဒေါက်တာစိုးသိန်းနိုင်လင်း သွားဆေးခန်း၊ လှည်းတန်းမှ ကူညီသည်။)

ကျကွဲသွားတဲ့ ကြက်ဥတွေအတွက်

ကျကွဲသွားတဲ့ ကြက်ဥတွေအတွက်

ကြက်ဥ၊ ဘဲဥတွေ မတော်တဆကျကွဲတဲ့အခါ ချွဲကျိကျိ၊ စိုဖတ်ဖတ်နဲ့ ရှင်းရ၊ သုတ်ရ မလွယ်ကူတဲ့အတွက် အိမ်ရှင်မတွေတော်တော်စိတ်ညစ်ကြရပါတယ်။ ဒီ့အတွက် စိတ်မညစ်ပါနဲ့တော့။ ပေပွနေသမျှ အရည်၊ အနှစ်တွေအပေါ်ကို ဆားခပ်များများဖြူးပြီး၊ ငါးမိနစ်လောက်ထားလိုက်ပါ။ ဆားပာာ အရည်အနှစ်တွေကိုခြောက်စေတဲ့အတွက် ရှင်းရ၊ သုတ်ရ လွယ်ကူစေပါတယ်။