Tuesday, January 31, 2012
ဣဿရမူလီ
" ဣဿရမူလီ "
-----------
ဥဒေါင်းငှက်ပုံအပွင့်
---------
" ကင်းမွန်သီးနဲ့ ခပ်ဆင်ဆင်အသီး "
--------
အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဆေးသုံးစွဲနည်း
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။
(၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . .
မုံရွာဒေသမှာ ဒီဆေးရွက်တွေ ရနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law)(ရှမ်းဝတ်စုံအနီဝတ်ထားသူ) ကနေတဆင့် သိရခြင်းပါ။ သူမအဒေါ် ဒေါ်နန်းဖိန်းအောင် (အလည်မှာထိုင်နေသူ)
ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။ နောက်ပြီးတော့ သူမမှာ နို့ကင်ဆာလည်းဖြစ်တယ်။ နို့ကို ဓါတ်ကင်ပြီး ဖြတ်တောက်ပစ်မယ်ဆိုရင်လဲ အဲဒီအချိန် သူမရဲ့ ရင်သွေးငယ်က နို့မပြတ်သေးဘူး။ ဒါကြောင့် သူမဟာ နို့ကင်ဆာကို မဖြတ်ဘဲ ရင်သွေးငယ်ကို နို့တိုက်ပြီး နေခဲ့တယ်။ (မိခင်ရဲ့ မေတ္တာကို ဖေါ်ညွှန်းပါတယ်)
စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ နန်းမွေဖောင်တို့အဖေက ဣဿရမူလီကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့
ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့
သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု သူကျန်းကျန်းမာမာပါပဲ။ ထူးဆန်းတာက သူမရဲ့ နို့ကင်ဆာလည်း ပျောက်သွားတယ်။
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)
အသည်းရောဂါနှင့် .ဣဿရမူလီ
ဗီန္ဒောဆေးခေါ်......ဣဿရမူလီ
အရင်က ဒီပို့စ်နေရာမှာ ကျွန်တော် ဘီပိုးရောဂါဆို ပျောက်ပြီးဗျို့ ဆိုပြီးရေးထားတာပါ။
မေးမြန်သူများ သိရှိရန် အတွက် စောငုဝါ စာအုပ်မှ ကောက်နုတ် တင်ပြလိုက်ပါတယ်။
စာရေးသူ၏ လုပ်ဆောင်ဆောင်ချက်များကို ကြားသိသော ဆရာကြီးဦးစိန်ထွန်းက ...
`“ဆရာကြီးကို ကင်ဆာရောဂါ ပျောက်ကင်းစေတဲ့ ဆေးပင် ပေးဦးမယ်”ဟု ဆိုပါသည်။
စာရေးသူကလည်း....`“ပွဲတွေ့ ဆေးပင်လား ဆရာ၊ စိုက်ပျိုး မျိုးပွားလို့ လွယ်ရင်တော့ စိတ်ဝင်စားတယ်
ဆရာ”ဟုပြန်ဖြေမိပါသည်။
ထိုအခါ ဆရာဦးစိန်ထွန်းက
`“ကျွန်တော်ယောက္ခမကြီးကိုယ်တိုင် အသည်းကင်ဆာဖြစ်တာ ၊ဆရာဝန်ကြီးက ခြောက်လပဲခံတော့မယ်
လို့ ဆိုထားပေမယ့်၊ အဲဒီ ဆေးပင် အရွက်ကို အရည်ညှစ်သောက်၊သုပ်စားတာနဲ့ ပျောက်သွားခဲ့တာ
ယခု အသက် ၇၀ကျော်တိုင် အသက်ရှင် ကျန်းမာလျက်ပါပဲ” ဟုရှင်းပြသည်။
ရန်ကုန်တစ်ဖက်ကမ်း သန်လျင်ဘက်မှ မိတ်ဆွေတစ်ဦးက `“သူအမျိုးတစ်ယောက် လည်ပင်းမှာ အကျိတ်
ကင်ဆာဖြစ်ရာ .ဣဿရမူလီ အရွက်ကို သုပ်စား၊ အရည်ညှစ်သောက်၊ အရွက်ကို ထုထောင်း၊ အနာပေါ်
အုံပေးခဲ့တာ လုံးဝ ပျောက်သွားကြောင်း ” ဝမ်းမြောက်ဖွယ် သတင်းကောင်းရလာပါသည်ဟု ဆရာက
တော်မှ ရှင်းပြပါ၏။
ဆရာဦးစိန်ထွန်းက
`“ဆရာကြီးရေ ၊.ဣဿရမူလီ ဆေးပင်က ကင်ဆာရောဂါတင်ပျောက်တာ မဟုတ်ဘူး။ ဘီပိုးကိုလည်း
ပျောက်စေနိုင်တယ်” ဟုပြောပါသည်။
စာရေးသူက
`“ဟုတ်လား ဆရာ၊ လက်တွေ့ ပွဲတွေ့ ဆေးဆိုရင်လည်း သိပါရစေ”ဟုတောင်းဆိုရာ
ဆရာက
`“ကျွန်တော် အစ်ကို သဘောင်္သားကြီး သဘောင်္ပြန်တက်ဖို့ ဆေးစစ်တော့ ဘီပိုးတွေ့လို ဒီ.ဣဿရမူလီ
ဆေးရွက်တွေ မှီဝဲ စားသုံးရုံနဲ့ ပျောက်ကင်းပြီး သဘောင်္ပြန်တက်နိုင်ခဲ့တယ်” ဟုရှင်းပြပါ၏။
ဒါတွေကိုကြားသိရသော စာရေးသူ အလွန်ဝမ်းသာမိပါ၏။ ဟုတ်ပါသည်။ အနေမှား အပြုမှား ချို့ယွင်းမှု
တစ်ခုခုကြောင့် ယခုအခါ လူအချို့ အသည်းနှင့် ပတ်သက်သော ရောဂါများဖြစ်ကြသည့် အသည်းရောင်
ခြင်း၊အသားဝါဖြစ်ခြင်း၊ဘီပိုး၊ စီပိုး အသည်းခြောက်နှင့် အသည်းကင်ဆာ စသည့် ရောဂါများဖြစ်၍ အချို့
အသက်ဆုံးရှုံး ၊ ဘဝပျက်၊ စီးပွားပျက်၊ အလုပ်အကိုင် ရာထူးရပ်တန့်ခံရသည်များ အထိ ခံစားနေကြတာ
တွေကို ကြားဖူး မြင်ဖူး သိရှိထားသူပါ။
အဲဒီရောဂါတွေကို အလွန်အစွမ်းထက်သော ဒီ.ဣဿရမူလီ ဆေးပင်၏ အရွက်များကို စားသုံးမှီဝဲရုံနှင့်
လက်တွေ့ ပျောက်ကင်း သက်သာသွားတာတွေကို သိရမှ တော့ စိုက်ပျိုးရေးသမား စာရေးသူ၏ ဗီဇအရ
အချို့သော ဆေးပင်များလိုပဲ ရရှိထားသော အပင်များကို အထူးဂရုစိုက် ပြုစုပြီး လိုအပ်သူများကို လက်
လှမ်းမီသမျှ မျှဝေ ကုသိုလ်ပြုသွားမည်ဟု ဆုံးဖြတ်မိပါသည်။
စောငုဝါ
(ပျိုးဥယျာဉ်ခြံ၊ ၁လမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ပျဉ်းမနားမြို့။)

Saturday, January 28, 2012
မျက်ကပ်မှန်တပ်သူတိုင်းအတွက်
မျက်ကပ်မှန်တပ်တဲ့ သူငယ်ချင်းများအတွက် မျက်ကပ်မှန်ကို အဆင်ပြေပြေတပ်နိုင်အောင် မျက်ကပ်မှန်ကြောင့် မျက်စိမထိခိုက်ရအောင် ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြမယ်နော်။
Always
- မျက်ကပ်မှန်တွေကို ပူလွန်းအေးလွန်းတဲ့နေရာမှာ မထားပါနဲ့။
- မျက်ကပ်မှန်တွေကို မကိုင်ခင် လက်ကို ဆပ်ပြာအပျော့စားလေးနဲ့ သေချာဆေးပေးပါ။
- အမွှေးမပါတဲ့ပုဝါနဲ့ လက်ကို ခြောက်အောင် သုတ်ပေးပါ။
- ညာဖက်မျက်ကပ်မှန်ကို အရင်ချွတ်ရင် အမြဲညာဘက်ကိုပဲ အရင်ချွတ်ပါ။ ဒါမှ ဘယ်နဲ့ညာ မမှားနိုင်မှာပေါ့။
- မျက်ကပ်မှန်ဆေးရည်ကို သုံးပြီးတဲ့အခါတိုင်း အဖုံးကို သေချာလုံအောင် ပိတ်ပါ။
- မျက်ကပ်မှန်ထည့်တဲ့ဘူးလေးကို နေ့တိုင်းသေချာစင်ကြယ်အောင် ဆေးပါ။
- မျက်ကပ်မှန်ဆေးရည်က ရက်လွန်နေရင် မသုံးပါနဲ့တော့။
- ရေမကူးခင်မှာ မျက်ကပ်မှန်ကို ချွတ်ထားပါ။
- မျက်ကပ်မှန်ကို မိတ်ကပ်မလိမ်းခင် တပ်ဆင်ပါ။ မိတ်ကပ်မဖျက်ခင် ချွတ်ပါ။
- မျက်စဉ်း အမြဲဆောင်ထားပါ။ အထူးသဖြင့် ကွန်ပြူတာအကြည့်များတဲ့ သူတွေမှာပေါ့။ မျက်လုံးအိမ်က ခြောက်သွေ့နေရင် သက်တောင့်သက်သာလည်း မရှိဘူး။ မျက်ကပ်မှန်လည်း ပြန်ချွတ်ရခက်တယ်။ မျက်လုံးကိုလည်း ဒဏ်ဖြစ်စေနိုင်တယ်လေ။
- မျက်ကပ်မှန်ကိုမတပ်ခင်မှာ မျက်ကပ်မှန်ကခြောက်သွေ့နေတယ်လို့ထင်ရင် မျက်ကပ်မှန် ဆေးရည်နဲ့ ဆေးလိုက်ပါ။
- မျက်ကပ်မှန်စမတပ်ခင်မှာ မျက်စိအထူးကုဆရာဝန်နဲ့ ပြသပါ။ မျက်လုံးမှာ ပြဿနာတစ်ခုခုရှိနေရင် မျက်ကပ်မှန်တပ်လို့မရဘူးလေ။
- တကယ်လို့ မျက်ကပ်မှန်တပ်ပြီးတော့မှ မျက်လုံးက နာလာမယ်၊ နီရဲလာမယ်၊ ကြည့်ရလည်း လုံးဝအဆင်မပြေဘူးဆိုရင် မျက်ကပ်မှန်ကို ချက်ချင်းပြန်ချွတ်ပါ။
- မျက်ကပ်မှန်ကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် မျက်ကပ်မှန်ထည့်တဲ့ဘူးထဲကို မျက်ကပ်မှန်ဆေးရည် ထည့်ပါ။
ပြီးတော့ မျက်ကပ်မှန်ကိုထည့်၊ အဖုံးကိုလုံအောင်ပိတ်ပြီး ဖြည်းဖြည်းလေးလှုပ်ပေးပါ။ မျက်ကပ်မှန် မတပ်ခင်နဲ့ တပ်ပြီးတိုင်း လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
Never
- မျက်ခမ်းစပ်၊ မျက်စိစွံတွေ ဖြစ်နေရင် ဓာတ်မတဲ့မှုကြောင့် မျက်လုံးနီရဲပြီး ရောင်နေရင်တော့ မျက်ကပ်မှန်ကို မတပ်ပါနဲ့။
- ဆပ်ပြာတွေ အလှကုန်တွေနဲ့ တခြားအရာတွေနဲ့ မျက်ကပ်မှန်ကို မထိစေနဲ့။
- မျက်ကပ်မှန်ဆေးရည်ဘူးရဲ့ ထိပ်အပေါက်ကို ဘာနဲ့မှ မထိပါစေနဲ့။ လက်၊ မျက်ကပ်မှန်တို့နဲ့တောင် မထိပါစေနဲ့။ မျက်ကပ်မှန်ကို ဘာနဲ့မှ မသုတ်ပါနဲ့။
- သုံးပြီးသား မျက်ကပ်မှန်ဆေးရည်ကိုလည်း လုံးဝပြန်မသုံးသင့်ပါဘူး။
- မျက်ကပ်မှန်ကို ဆေးကြောဖို့အတွက် မျက်ကပ်မှန်ဆေးရည်ကလွဲပြီး ဘာမှမသုံးပါနဲ့။
- ရေနွေးငွေ့တို့ တခြားမျက်စိကို ထိခိုက်နိုင်တဲ့အငွေ့တို့ ရှိနေရင်လည်း မျက်ကပ်မှန်မတပ်ပါနဲ့။
- မျက်ကပ်မှန်ကို ၈ နာရီထက်ပိုမတပ်မိပါစေနဲ့။
- မျက်ကပ်မှန်တပ်ပြီးတော့ ဆံပင်ဖျန်းဆေး မသုံးပါနဲ့။
- မျက်ကပ်မှန်ကို နှစ်နဲ့ချီပြီးတော့လည်း မတပ်သင့်ပါဘူး။
- မျက်နှာပြင် ကြမ်းမာနေတဲ့ အနားတွေထက်နေတဲ့ မျက်ကပ်မှန်ကိုလည်း နှမြှောပြီး မတပ်ပါနဲ့။
မျက်ကပ်မှန်တပ်ဆင်နည်း
- မျက်ကပ်မှန်မတပ်ခင် လက်ကို ဆပ်ပြာနဲ့သေချာစင်ကြယ်အောင်ဆေးပါ။
- ပြီးတော့ မှန်ရှေ့မှာ နေပါ။
- ညာဘက်လက်ခလယ်နဲ့ အောက်မျက်ခမ်းကိုဆွဲပါ။
- ဘယ်ဘက်လက်နဲ့ အပေါ်မျက်ခွံကို ဆွဲမပါ။
- တည့်တည့်ကြည့်ပြီး မျက်ကပ်မှန်ကို မျက်လုံးအလယ်တည့်တည့်မှာ တပ်ဆင်ပါ။
- မျက်ကပ်မှန်တပ်ပြီး မျက်တောင်မခတ်ခင်မှာပဲ ဘယ်ညာအရင်ကြည့်ပါ။ အဲလိုကြည့်လိုက်ရင် မျက်ကပ်မှန်က မျက်လုံးအလယ်တည့်တည့်မှာ သေချာနေရာတကျဖြစ်သွားတယ်လေ။
- ပြီးတော့ မျက်ကပ်မှန်က နေရာတကျရှိရဲ့လားဆိုတာ မှန်ထဲမှာသေချာကြည့်ပါ။
-မျက်ကပ်မှန်ဟာ မျက်ဆံပေါ်မှာ နေရာတကျရှိနေပြီး မျက်လုံးကလှုပ်ရှားလည်း ဒီတိုင်းပဲဆိုရင် OK သွားပြီပေါ့။
မျက်ကပ်မှန်ချွတ်နည်း
- မျက်ကပ်မှန်ချွတ်တော့မယ်ဆိုရင် မျက်ခွံတွေကို ပိတ်မသွားအောင် လက်တစ်ဖက်နဲ့ ဆွဲဖွင့်ထားပြီး လက်မရယ် လက်ညိုးရယ်နဲ့ အသာအယာလေးဆွဲယူလိုက်ရုံပါပဲ။
- ပြီးတော့ မျက်ကပ်မှန်ထည့်တဲ့ဘူးကို ဆေးရည်ဖြည့်၊ မျက်ကပ်မှန်ထည့်ပြီး လုံအောင်ပိတ်ထားလိုက်ပါ။
မျက်ကပ်မှန်တပ်နေကြလူတွေအတွက်တော့ မိကျောင်းမင်း ရေကင်းပြသလို ဖြစ်နေမှာပဲ။ :D ဒါပေမယ့် ခုမှ မျက်ကပ်မှန်စတပ်မယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်ပါ။ ပြီးတော့ မျက်ကပ်မှန် ခုမှ စတပ်မယ့်သူတွေအတွက်ရော၊ တပ်နေကြသူငယ်ချင်းတွေရော ဆောင်ရန် ရှောင်ရန်လေးတွေကို သိနိုင်အောင်ပါ။ သူငယ်ချင်းအားလုံး မျက်လုံးထိခိုက်မှုကင်းဝေးပြီး အမြဲလှနိုင်ကြပါစေရှင်။
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင်
Myanmar Sky Link
(Myanmar Health & Beauty Website)
Wednesday, January 25, 2012
Tuesday, January 24, 2012
To ---
Monday, January 23, 2012
တကယ်လို့ ဘ၀မှာ ကံကောင်းခြင်းတွေ အကြိမ် ၁၀၀ ကြုံရမယ်ဆိုရင်....
၉၈ ခုသော ကံကောင်းခြင်းတွေကို နင့်ကို ခွဲဝေပေးမယ်....
ကံကောင်းခြင်း ၂ခု ကိုတော့ ငါ့အတွက် ချန်ထားပေးပါ....
၁ခုက နင်နဲ့ ဆုံဆည်းခွင့်နဲ့.... နောက် တစ်ခုက နင်နဲ့အတူတူ အမြဲတမ်း မခွဲမခွာ လက်တွဲခွင့်ရဖို့ပါပဲ....
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
တကယ်လို့ မိန်းကလေးတစ်ယောက်က ဒီသီချင်းကို နားထောင်ကြည့်ပါလို့ ဆိုလာရင်....
သီချင်းစာသားကို သေချာအာရုံစိုက်ပါ....
အဲဒီသီချင်းစာသားထဲမှာ သင့်ကို နားလည်စေချင်တဲ့ ဒီမိန်းကလေးရဲ့ ခံစားမှုတွေ ရောယှက်နေလို့ပါပဲ....
Sunday, January 22, 2012
သင်မစွန့်လွှတ်ချင်တဲ့သူတစ်ယောက်ကို လမ်းခွဲစကားပြောရတာ တကယ်နာကျင်ပါတယ်....
ဒါပေမဲ့ ပိုကြေကွဲစရာကောင်းတာကတော့... ကိုယ့်အနားမှာ မနေချင်တဲ့ သူတစ်ယောက်ကို သင့်နားက မခွဲခွာသွားဖို့ တောင်းဆိုရခြင်းပဲမဟုတ်လား....
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
မိန်းကလေးတစ်ယောက်ဟာ...
အချစ်ကို ရှာဖွေမတွေ့ခင်....
"ငါ့ရဲ့ချစ်သူက အစစအရာရာပြည့်စုံတဲ့ ယောက်ျားလေးဖြစ်ရမယ်..."
"သူက ငါ့ကို ဘယ်တော့မှ မျက်ရည်မကျစေရဘူး...."
"သူက ငါ့ကို အမြဲနားလည်သူပဲဖြစ်ရမယ်...."
ဒါပေမဲ့ အချစ်ကိုတွေ့ရှိပြီးတဲ့အခါ...သူတို့ပြောတတ်တာက
"အင်း...အစစ မပြည့်စုံလဲ ငါ့အတွက် အကောင်းဆုံးဖြစ်နေတာပဲလေ..."
"သူ မျက်ရည်ကျအောင်လုပ်လဲ... ငါကတော့ သူ့ကို ချစ်မှာပဲ...."
"သူ ငါ့အပေါ်နားမလည်လဲ...ငါသူ့အပေါ်နားလည်အောင် ကြိုးစားမှာပေါ့..."တခါတလေ.... လူတိုင်းကို ပျော်စေချင်တဲ့ လူတစ်ယောက်ဟာ အမြဲတမ်း အထီးကျန်အဆန်ဆုံး
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
အချစ်နဲ့ အိပ်မက်ဟာ ထူးဆန်းတဲ့အရာတွေ ဖြစ်တယ်...နားထောင်ဖို့ မလိုဘူး...စကားပြောဖို့ မလိုဘူး...ဘာသာပြန်ဖို့လဲ မလိုဘူး...ဒါပေမဲ့ အလိုအလျောက် ခံစားလို့ ရနေတယ်လေ...
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
နင်က မေးတယ်...နင့်ကို ငါ ဘာကြောင့်ချစ်တာလဲ တဲ့.... ဒီမေးခွန်းက တကယ်တော့ ရေရဲ့ အရသာကို ငါ့ကို မေးတာနဲ့ အတူတူပါပဲ...ချစ်သူရယ်...
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
တချို့ကိစ္စတွေဟာ မပြောပဲသိမ်းထားတာ ကောင်းပါတယ်....ဒါပေမဲ့ နှလုံးသားထဲမှာ အမြစ်တွယ်လာလေ... ပိုခံစားရလေ ဖြစ်တတ်ပါတယ်....ဒါက ဆိုးလွန်းလှပါတယ်... x(
Some things are better left said ... But unluckily , the more we keep in our heart & soul, the more we suffer... that's too bad :(
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
တခါတလေ.... လူတိုင်းကို ပျော်စေချင်တဲ့ လူတစ်ယောက်ဟာ အမြဲတမ်း အထီးကျန်အဆန်ဆုံး လူသားတစ်ယောက်ဖြစ်နေတတ်တယ်...ဒါကြောင့် သူ့ကို တစ်ယောက်ထဲမပစ်ထားပါနဲ့...ဘာလို့လဲဆိုတော့ ...သင့်ကို လိုအပ်တယ်ဆိုတာ သူဘယ်တော့မှ ဖွင့်ပြောမှာမဟုတ်လို့ပါ....
လူ့ဘ၀မှာ မစောင့်သင့်သော အရာများ
လူ့ဘ၀မှာ မစောင့်သင့်သော အရာများ
၁။ မစောင့်ပါနဲ့.... တပြားမှ မကျန်တော့မှ စုဆောင်းခြင်းတန်ဖိုးကို နားလည်တဲ့အချိန်အထိပေါ့....
၂။ မစောင့်ပါနဲ့... ရပါသေးတယ် ပြီးမှ စာကျက်မယ် အလုပ်လုပ်မယ် ကြိုးစားမယ် ဆိုတဲ့ အချိန်အထိပေါ့....
၃။ မစောင့်ပါနဲ့... အချိန်တွေ အများကြီးရှိသေးတယ်...ပြီးမှ ကုသိုလ် ပြုလုပ်မယ်ဆိုတဲ့ အချိန်အထိပေါ့...
၎။ မစောင့်ပါနဲ့... နာကျင်ခြင်းတွေ ခံစားရတော့မှ... စွန့်လွှတ်တော့မယ်ဆိုတဲ့ အချိန်ထိပေါ့....
၅။ မစောင့်ပါနဲ့...လူတစ်ယောက်ထွက်ခွာသွားမှ ...အဲဒီလူရဲ့တန်ဖိုးကို နားလည်တဲ့အချိန်ထိပေါ့....
၆။ မစောင့်ပါနဲ့...ရွယ်တူလူသားတွေ အောင်မြင်သွားမှ...မိမိရဲ့ မိုက်မဲမှုကို သဘောပေါက်တဲ့အချိန်ထိပေါ့....
၇။ မစောင့်ပါနဲ့... အသက်ကြီးတော့မှ မေ့ပျောက်ခြင်းတန်ဖိုးကို သင်ယူမယ်ဆိုတဲ့ အချိန်အထိပေါ့....
၈။ မစောင့်ပါနဲ့... မိတ်ဆွေကောင်းရဲ့တန်ဖိုးကို အထီးကျန်ဆန် ဘ၀ အခက်ကြုံ တော့မှ နားလည်တယ်ဆိုတဲ့ အချိန်အထိပေါ့....
၉။ မစောင်ပါနဲ့... ကိုယ်တကယ်ချစ်တဲ့ လူတစ်ယောက်ကို ချစ်တယ်လို့ ပြောဖို့ သင့်တယ်လို့ယူဆတဲ့ အချိန်အထိပေါ့...
၁၀။ မစောင့်ပါနဲ့ ...မိသားစုကို ပြုစုစောင့်ရှောက်ဖို့ လုံလောက် ပြည့်စုံတဲ့ အခွင့်အရေးရရှိတဲ့ အချိန်အထိပေါ့....
၁၁။ မစောင့်ပါနဲ့ ...မိဘကျေးဇူးကို ပြန်ဆပ်ဖို့ ကြွယ်ဝတဲ့ အောင်မြင်မှု ရတဲ့ အချိန်အထိပေါ့...
မစောင့်ပါနဲ့..... ကိုယ်ဆန္ဒရှိတဲ့ အရာကို နောက်တော့ ဒီမှာ ဆက်ဖြည့်မယ်ဆိုတဲ့ အချိန်အထိပေါ့
ယောင်္ကျားနဲ့ မိန်းမ အမြင်မတူကြ
ယောက်ျားနှင့် မိန်းမ
၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေးတယ်ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရတယ်။
ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ ပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင်တတ်ကြသည်။
၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့ လှည့်စားလို့ရတယ်။
၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။
ဒါကြောင့် ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ်များတယ်လို့ ထင်ကြတယ်။
၎) မိန်းကလေးတွေက သူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာ စိတ်ဖိအားကို လျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေ ဆီကနေ အကြံဥာဏ် ရချင်လို့ မဟုတ်ပါဘူး။
သူတို့ရင်ဖွင့်တာကို နားထောင်ပေးမယ့်လူ ရှိဖို့ပါပဲ။
၅) ယောက်ျားလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း စိတ်ခံစားမှုကို စာစီပြီး မဖွဲ့နွဲ့ပြတတ်ဘူး။
ဒါကြောင့် ကိုယ့်ချစ်သူကို ကတ်လေးတွေ လက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာ မရှိအောင် စာတွေ အများကြီးပါတဲ့ ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်။
၆) မိန်းကလေးတွေက စပြီး လမ်းခွဲစကား ပြောတာဟာ ယောက်ျားလေးတွေ ပေးကမ်းတဲ့ လက်ဆောင် ပစ္စည်းတွေ မလုံလောက်လို့ မဟုတ်ဘူး။ သူတို့အတွက် အချစ်တွေ မလုံလောက်ဘူးလို့ ထင်လို့ပါ။
၇) မိန်းကလေးတွေက တစ်နေ့ကို စကားလုံးပေါင်း ၂သောင်းကျော် သုံးပြီး စကားပြောတတ်ကြတယ်။ ယောက်ျားလေးတွေက ၇ထောင်ကျော်ပဲ သုံးတယ်။
၈) အချစ်ရေးမှာ အဆင်မပြေတဲ့ မိန်းကလေးတွေက အလုပ်ကို စိတ်ဝင်တစား မလုပ်တတ်ကြဘူး။ အလုပ်အဆင်မပြေတဲ့ ယောက်ျားလေးတွေက အချစ်ရေးကို စိတ်ဝင်မစားကြဘူး။
၉) ယောက်ျားလေးတွေက တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ လုပ်နိုင်တယ်။
ဥပမာ ကားရပ်ပြီး ကားကက်ဆက်ကို ပိတ်ပြီးမှ လမ်းညွှန်မြေပုံကို ကြည့်တတ်ကြတယ်။
မိန်းကလေးတွေက တစ်ကြိမ်ထဲမှာ အလုပ်အများကြီး လုပ်နိုင်တယ်။
ဥပမာ တီဗွီကြည့်ရင်း ဖုန်းပြောရင်း လက်သည်းတွေ ပြင်နေတတ်သလို ဖုန်းပြောရင်း ကြော်လှော်နေလို့ရတယ်။
၁၀) ယောက်ျားလေးအများစုက ကိုယ့်ချစ်သူနဲ့ ဈေးဝယ်ထွက်ပြီး မိနစ်၂၀ ကြာရင် ဦးနှောက် သွေးယိုစီးတဲ့ လက္ခဏာ ဖြစ်တတ်တယ်။
၁၁) ယောက်ျားလေးတွေရဲ့ ဦးနှောက်ထဲမှာ ၁၅% ကနေ ၂၀% အထိလောက်က မိန်းကလေးဆန်တဲ့ အစိတ်အပိုင်းရှိပြီး မိန်းကလေးတွေမှာ ၁၀% လောက်သာ ယောက်ျားဆန်တဲ့ အစိတ်အပိုင်းရှိတယ်။ ဒါကြောင့် ယောက်ျားလိင်တူ ချစ်ကြိုက်နှုန်းဟာ မိန်းကလေးလိင်တူ ချစ်ကြိုက်နှုန်းထက် များခြင်းဖြစ်တယ်။
http://www.ourmandalay.net/index.php/2008-11-20-11-20-49/542-2010-0...
မှတဆင့်ဖော်ပြပေးခြင်းဖြစ်ပါသည်။
အချစ်လေးမျိုးရှိတယ်တဲ့....How to be love.......?
အချစ်လေးမျိုးရှိတယ်တဲ့....
1. Ego Love
2. One-sided Love
3. Blind Love
4. True Love
1. :-*Ego Love Kiss
:Pဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်....
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...
ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်...မျက်စိအောက်ကအပျောက်မခံချင်ဘူး...
သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်....အဲဒါ ego love ဖြစ်နေပါပြီ...
အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်...
သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး.. ခဏခဏ၀င်တတ်ပါတယ်...
အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး....
အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့... :P
2. :-*One-sided Love
:Pဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်......
အရာရာပေးဆပ်နေချင်တယ်......
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်......
ဒါပေမယ့် တစ်ဖက်လူက,,, ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှမစဉ်းစားပါဘူး...
အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်...
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့.......
မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်... :P
3. Kiss Blind Love Kiss
:Pဒီလိုအချစ်အမျိုးအစားကို...စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်...
အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့...
အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်...
ဒါဆိုရင် blind love ဖြစ်နေပါပြီ...ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ....
ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး....
အချစ်တွေပျောက်သွားတဲ့အချိန်မှ...ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်.. :P
4. Kiss True love Kiss
:Pနောက်ဆုံးအမျိုးအစားပါ....မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့.....အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်...
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ....
ဒီလိုအချစ်မျိုးကတော့....အင်မတန်ရှားပါတယ်...
လူတစ်ယောက်ကို....တစ်ခြားဘာကိုမှမကြည့်ပဲ....သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ....
အသဲကွဲတယ်ဆိုတာလဲမရှိဘူး....
သူနဲ့မပေါင်းရလဲ...ဘာမှမဖြစ်ပဲ...တစ်သက်လုံး...စိတ်ထဲမှာထားပြီး....
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ....အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်.... :P
Friday, January 20, 2012
ယောက်ျားလေးတစ်ယောက် သင့်ကို တကယ်ချစ်ရင် အပြုအမူ ၉ ချက် လုပ်တယ်တဲ့...
၁၊ သင် ၀မ်းနည်းနေတဲ့အခါ...သူက မအေးချမ်းဘူး....
၂၊ သင် ၀မ်းသာတဲ့အခါ...သူက ပိုပြီး ၀မ်းသာတယ်...
၃၊ အမြဲလိုလို သင့်အတွက် လိုအပ်တာတွေ ၀ယ်လာပေးတတ်တယ်...သူ့အတွက်တောင် ဘယ်တော့မှ ၀ယ်သုံးလေ့မရှိဘူး..
၎၊ သင့်အလိုကို လိုက်လျောတတ်တယ်...
၅၊ သင့်ရဲ့ မိသားစုကို အရမ်း ဂရုစိုက်တယ်...
၆၊ တခါတလေ သူစိတ်ဆိုးပေမဲ့ သင်နဲ့ ရန်မဖြစ်ဘူး...စိတ်ဆိုးပြီးရင် အချိန်တန်ရင် ပြန်ခေါ်တယ်...
၇၊ သင့်ရဲ့ ခံစားချက်ကို အလေးထားတယ်....
၈၊ သူ့ရဲ့ အပေါင်းအသင်းတွေရှေ့မှာ သင်ကောင်းကြောင်း ကြွားလေ့ရှိတယ်...
၉၊ သင့်အပေါ်မှာ ၇ိုးသားတယ်...ဘယ်တော့မှ မလိမ်ဘူး...မလှည့်စားဘူး...
ဘယ်နှချက်နဲ့ ကိုက်ညီတယ်ဆိုတာ စဉ်းစားပြီး၇င် like လုပ်ပေးနော် :D
From Zay yar
ဘယ်အချိန်မှာ အထီးကျန် အားငယ်တတ်လဲ.....
၁။ တစ်ယောက်တည်း ထမင်းစားတဲ့အခါ...
၂။တစ်ယောက်တည်း အတန်းတက်ရတဲ့အခါ....
၃။တစ်ယောက်တည်း ဘ၀ကို ရုန်းကန်ရတဲ့အခါ....
၎။တစ်ယောက်တည်း ခရီးသွားတဲ့အခါ....
၅။တစ်ယောက်တည်း လျှောက်လည်တဲ့အခါ....
၆။တစ်ယောက်တည်း Online ပေါ်မှာ ရှိတဲ့အခါ...
၇။ တစ်ယောက်တည်း ရုပ်ရှင်ကြည့်တဲ့အခါ...
၈။ တစ်ယောက်တည်း အိပ်ရတဲ့အခါ....
၉။တစ်ယောက်တည်း ငိုရတဲ့အခါ....
၁၀။တစ်ယောက်တည်း ဆေးရုံသွားရတဲ့အခါ....
၁၁။ တစ်ယောက်တည်း တွေးတော ငေးမောတဲ့အခါ....
၁၂။တစ်ယောက်တည်း မွေးနေ့ကို ဖြတ်သန်းရတဲ့အခါ....
၁၃။တစ်ယောက်တည်း သူများစုံတွဲတွေကို တွေ့တဲ့အခါ....
၁၄။တစ်ယောက်တည်း မိုးရွာထဲမှာ လမ်းလျှောက်တဲ့အခါ....
၁၅။ တစ်ယောက်တည်း မုန့်စားတဲ့အခါ.....
၁၆။ တစ်ယောက်တည်း..... (ဆက်ဖြည့်ရန်) :P
--------
ငါအထီးကျန်တဲ့ အခါ ဘယ်လိုခံစားရတယ်ဆိုတာကို နင် ဘယ်တော့ မှ သိမှာမဟုတ်ဘူး...
ဘာလို့လဲဆိုတော့ ငါအထီးကျန်ဆုံး အချိန်ဟာ ငါ့ရဲ့ အနားမှာ နင်မရှိတော့တဲ့ အချိန်ဖြစ်နေလို့လေ...
@@@@@@@@@@@@@
လူတွေ အကြောက်ဆုံး အရာက မသိတဲ့ အရာဖြစ်တယ်...
လူတွေ အလိုချင်ဆုံး အရာက... မရနိုင်တဲ့ အရာဖြစ်တယ်....
လူတွေ တမ်းတဆုံး အရာက...ဆုံးရှုံးသွားတဲ့ အရာဖြစ်တယ်....
--------
တခါတလေမှာ...ကျွန်တော်တို့ဟာ လူတစ်ယောက်ကို ခွင့်လွှတ်လိုက်တယ်...ဒါပေမဲ့ သင့်အနေနဲ့ မပျော်ရွှင်နိုင်ဘူး...ဘာလို့လဲဆိုတော့ သင့်ကိုယ်သင် ခွင့်လွှတ်နိုင်ဖို့ မေ့လျော့နေလို့ပါ..
Sometimes , we forgive someone, but we really can't be happy. The reason is that we forget to forgive ourselves.
-------

တစ်စုံတစ်ယောက်က သင့်ကို မျက်ရည်ကျစေတဲ့အခါ... သူ့ကို ခွင့်လွှတ်ပါ...
သင့်ကို သစ္စာဖောက်တဲ့သူတစ်ယောက်ကို လက်စားချေဖို့ မကြိုးစားပါနဲ့....
သင့်ကို တစ်ယောက်ယောက်က မချစ်တဲ့အခါ... သူ့ကို ကျေနပ်အောင် ချော့မော့ဖို့ မပြင်ဆင်ပါနဲ့....
အချစ်ကြောင့် ကိုယ့်ကိုယ်ကို နာကျင်စေတာမျိုးမဖြစ်ပါစေနဲ့...
သင့်ကို တကယ်ချစ်တဲ့သူ တစ်ယောက်ဟာ သင် နာကျင် မျက်ရည်ကျအောင် မလုပ်ပါဘူး...
သင့်ကို တကယ်နှစ်နှစ်ကာကာ တောင့်တသူတစ်ယောက်ဟာ... သင့်ကိုမလှည့်စားပါဘူး....
သင့်ကို တကယ် လက်ထပ်ချင်သူတစ်ယောက်ဟာ...၀န်ခံချက် ကတိ တစ်ခုကို လွယ်လွယ် မပေးပါဘူး....
ဘယ်လို အချစ်မျိုးမှာပဲဖြစ်ဖြစ် လိုအပ်တာက မိမိရဲ့ မာနတရားကို မျက်ကွယ်ပြုထားဖို့ ပါပဲ....
ဒီလိုမှ မလုပ်နိုင်ရင်တော့ .... တစ်ယောက်တည်း နေတာ အကောင်းဆုံးလို့ထင်ပါတယ်.. (ဇေယျာ)

ကိုယ့်ကိုယ်ကို လုံခြုံမှု မရှိဘူးလို့ ခံစားရတဲ့လူတွေက....
၁။ သီချင်းအရမ်းကြိုက်တယ်...
၂။ အမှောင်ကိုကြောက်တယ်..ဒါပေမဲ့ ညနက်မှ အိပ်လေ့ရှိတယ်...
၃။ စိတ်ထဲမှာ တကယ်ရှိတဲ့အရာကို ဖုန်းကွယ်ထားတတ်တယ်....
၎။ အိပ်ကပ်ပါတဲ့ အ၀တ်အစားကို သဘောကျတယ်...ဒါမှ လက်နှိုက်လို့ ရမှာလေ....
၅။ လူတစ်ယောက်ရဲ့ ပုခုံး သို့မဟုတ် လက်ကို တွဲထားတတ်တယ်...ဒါမှမဟုတ် လမ်းသွားတဲ့အခါ လက်ထဲမှာ တစ်ခုခု ကိုင်ထားတတ်တယ်...
၆။ ပြတင်းပေါက်နဲ့ ထောင့်ကျတဲ့ နေရာမျိုးကို သဘောကျတယ်....
၇။ စကားမပြောရင်မပြောဘူး...ပြောရင် အရမ်းပြောတယ်....
၈။ ယုံကြည်စိတ်ရှိတဲ့ပုံစံနှင့် လူတွေကို ရင်ဆိုင်တယ်....လူတွေသူရဲ့ အားနည်းချက်ကို သိသွားမှာစိုးတယ်လေ...
၉။ စာရေး စာဖတ် သဘောကျတယ်....တိတ်ဆိတ်စွာ စိတ်ကူးတွေ လွင့်မျောတဲ့အခါ လုံခြုံတယ်လို့ ခံစားရတယ်လေ....
၁၀။ အထီးကျန်ဆန်တယ်...တခုခုကို အမြဲကြောက်နေတတ်တယ်...
၁၁။ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်...လူတွေကို ကူညီတတ်တယ်...ဒါပေမဲ့ သိပ်တော့ ကိုယ်ချင်းမစာတတ်ဘူး...
၁၂။ သူငယ်ချင်း တစ်ယောက် နှစ်ယောက်လောက်ကို တစ်သက်လုံးပေါင်းသင်းတတ်တယ်....သူကိုယ်တိုင်လဲ တစ်ဘ၀စာသူငယ်ချင်းအဖြစ်နဲ့ နေတတ်တယ်...
၁၃။ ငိုတဲ့ အခါ....သူများမြင်တာနဲ့ အလျင်အမြန် ဖုံးကွယ်လေ့၇ှိတယ်....
၁၄။ ဂရုစိုက်တဲ့ပုံလဲ ပြသလို စိတ်မပါတဲ့ပုံစံလဲ ပြုလုပ်တတ်တယ်....
၁၅။ ၀မ်းနည်းတာကို ခံနိုင်ရည်မရှိဘူး...၀မ်းနည်းစိတ်ကိုလဲ မဖြေဖျောက်နိုင်ဘူး....
၁၆။ ၀မ်းနည်းတာကြာတဲ့အခါ...ရုတ်တရက်စိတ်မပါပဲ အော်ဟစ် ရယ်မောတတ်တယ်....
၁၇။ အပြောမခံ အထိမခံလူစားမျိုးဖြစ်တယ်...
၁၈။ မာနကြီးတဲ့ ပုံစံနဲ့ နေတတ်တယ်...
၁၉။ စိတ်ထဲမှာ ရှိတဲ့ အရာကို မိမိရဲ့ အတွင်းစိတ် နွေးထွေးလုံခြုံတဲ့နေရာမှာ အမြဲသိမ်းထားတတ်တယ်...
၂၀။ ဟိုစပ်စပ် ဒီစပ်စပ် ၀င်ပါတတ်တယ်...
I got from facebook.
for me no 2 is wrong
Thursday, January 12, 2012
love?
လူတစ်ယောက်ကို ချစ်ဖို့ ကြီးမားတဲ့ သတ္တိလိုတယ်....
လူတစ်ယောက်ကို စွန့်လွှတ်ဖို့ ကြီးမားတဲ့ အားထုတ်မှု လိုတယ်....
လူတစ်ယောက်ကို မေ့ပျောက်ဖို့ ကြီးမားတဲ့ ဇွဲလိုတယ်...
လူတစ်ယောက်ကို သတိရဖို့ ကြီးမားတဲ့ ခံနိုင်ရည်လိုတယ်...
လူတစ်ယောက်ကို မုန်းတီးဖို့ ကြီးမားတဲ့ စွန့်လွှတ်မှု လိုတယ်....
လူတစ်ယောက်အတွက် စိတ်ထိခိုက်ရတာ အရမ်းဝမ်းနည်းဖို့ကောင်းတယ်....
လူတစ်ယောက်အတွက် ၀မ်းနည်းရတာ...အရမ်းနာကျင်ဖွယ်ကောင်းတယ်...
လူတစ်ယောက်အတွက် နာကျင်ရတာ...အရမ်း ခံစားဖွယ်ကောင်းတယ်....
လူတစ်ယောက်အတွက် ခံစားရတာ...အရမ်း ခွန်အားချည့်နဲ့ဖွယ်ကောင်းတယ်...
လူတစ်ယောက်အတွက် ခွန်အားချည့်နဲ့နေခြင်းဟာ...သူ့ကို အရမ်းချစ်နေလို့ပဲဖြစ်တယ်...♥

Sunday, January 8, 2012
:(
ချစ်တတ်မှန်း သိရင်
အနိုင်ယူချင်ကြတယ်...
လွမ်းတတ်မှန်း သိရင်
လွမ်းစရာတွေပေးချင်ကြတယ်
မရှိရင်မနေတတ်မှန်း သိရက်
အဝေးမှာနေချင်ကြတယ်
နားမထောင်ရဲမှန်း သိလျှက်
လမ်းခွဲစကား ပြောချင်ကြတယ်
အသွားအပြန်မရှိတဲ့
တလမ်းသွားချစ်ခြင်းရဲ့
ဝဠ် ကျေပါစေတော့...... :'-(
အနိုင်ယူချင်ကြတယ်...
လွမ်းတတ်မှန်း သိရင်
လွမ်းစရာတွေပေးချင်ကြတယ်
မရှိရင်မနေတတ်မှန်း သိရက်
အဝေးမှာနေချင်ကြတယ်
နားမထောင်ရဲမှန်း သိလျှက်
လမ်းခွဲစကား ပြောချင်ကြတယ်
အသွားအပြန်မရှိတဲ့
တလမ်းသွားချစ်ခြင်းရဲ့
ဝဠ် ကျေပါစေတော့...... :'-(
Tuesday, January 3, 2012
ကြာဆူး
ကြာဆူးဆိုတာ ??
ကြာဆူးက ၀က်ခြံမဟုတ်တဲ့ ၀က်ခြံလိုအဖုလေးတွေ ဖြစ်လာနိုင်တဲ့.... ပြီးတော့...အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုပဲနော်။ အရေပြားက Keratin လို့ခေါ်တဲ့ ပရိုတိန်းလေးတွေက မွေးညှင်းပေါက်လေးတွေထဲမှာ မာမာခဲခဲလေးဖြစ်နေပြီး အရေပြားမှာ ၀က်ခြံလိုအဖုလေးတွေ ဖြစ်လာတော့တာပဲ။ အန္တရာယ်လည်း မရှိဘူး။ သူ့အလိုလိုတောင် ပျောက်သွားတတ်သေးတယ်နော်။ ကူးလည်း မကူးနိုင်ပါဘူး။
ကြာဆူး ဘာကြောင့်ဖြစ် ??
ဒီအဖုလေးတွေဟာ မွေးရာပါလည်း ဖြစ်နိုင်ပါတယ်။ မျိုးရိုးလိုက်တတ်တာပေါ့။ ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ၊ နှင်းခူဖြစ်တတ်တဲ့သူတွေ Allergy ဖြစ်တတ်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆောင်းရာသီမှာ ပိုဆိုးလာတတ်တယ်နော်။ ခုအဖြစ်များတာက ဗီတာမင်အေ ချို့တဲ့လို့ပါ။ ဗီတာမင် ဘီအုပ်စု၊ ဗီတာမင်အီးနဲ့ ဗီတာမင်စီတွေ ချို့တဲ့ရင်လည်း ဖြစ်နိုင်သလို ဖြစ်နေတာတွေလည်း ပိုဆိုးနိုင်တယ်လေ။
ကြာဆူးဆိုတာ ဘယ်လိုလဲ ??
အဖုလေးတွေဟာ လက်မောင်းနောက်ဘက်တွေမှာ အဖြစ်များတယ်။ ကြမ်းကြမ်းလေး ဖြစ်နေတတ်တယ်။ ပြီးတော့ တင်ပါးနဲ့ ပေါင်တွေမှာလည်း ဖြစ်တတ်သေးတယ်လေ။ တကိုယ်လုံးမှာ ဖြစ်နိုင်ပါတယ်။ မျက်နှာမှာ ဖြစ်ရင်တော့ ၀က်ခြံနဲ့ မှားတတ်တဲ့ အဖုလေးတွေပေါ့။ အဖုလေးတွေက သေးသေးလေးတွေ၊ အသားရောင်ပဲဖြစ်တာများတယ်။ အဖြူရောင်၊ ပန်းရောင်လေးတွေလည်း ဖြစ်တတ်သေးတယ်နော်။
ကြာဆူးကို ဘယ်လိုကုသရမလဲ ??
ဒီအဖုလေးတွေ ပေါ်လာရင် မျက်နှာသစ်ဆေး၊ ကိုယ်တိုက်ဆပ်ပြာတွေကို အပျော့စားလေးတွေပဲ သုံးပါ။ ရေနွေးနဲ့ မျက်နှာသစ်ခြင်း ရေချိုးခြင်းတွေကို ရှောင်ရမယ်နော်။ မျက်နှာသစ်ရင်လည်း ရေများများသုံးပြီး သစ်ပေးပါ။ ရေချိုးပြီးတဲ့အခါနဲ့ မျက်နှာသစ်ပြီးတဲ့အခါ အမွေးနုတဘက်လေးနဲ့ ညင်ညင်သာသာလေး သုတ်ပေးပါ။အစိုဓာတ်ဖြည့်လိမ်းဆေး ( Moisturizing lotion)ကောင်းကောင်း တွေကိုလည်း တနေ့ကို ၂ ကြိမ် မှန်မှန်လိမ်းပေးရပါမယ်။ Salicylic acid, Lactic acid ပါတဲ့ ခရမ်တွေ လိုးရှင်းတွေက ပိုထိရောက်ပါတယ်။ AHA, Retin A, Steroid လိမ်းဆေးတွေလိမ်းရင်လည်း သက်သာပါတယ်။ ဒါပေမယ့် လိမ်းရမယ့် ပမာဏ၊ မလိမ်းသင့်တဲ့ အခြေအနေတွေလည်း ရှိတာမို့ အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။ Microdermabrasion, Chemical peels, Laser နည်းတွေနဲ့လည်း ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဘာမှမလုပ်ချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ အသက်ကြီးလာတာနဲ့ တဖြည်းဖြည်းပျောက်သွားနိုင်တယ်လေ။
ဒီအဖုလေးတွေဟာ ဗီတာမင်တွေချို့တဲ့လို့လည်း ဖြစ်နိုင်တာကြောင့် ဗီတာမင် အေ၊ ဗီတာမင်ဘီအုပ်စု၊ ဗီတာမင်အီး၊ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာလေးတွေကိုလည်း များများစားပေးဖို့ လိုတယ်နော်။ ဘယ်အစားအစာမှာ ဘယ်ဗီတာမင်တွေပါလည်းဆိုတာကို သဘာဝရဲ့ အာဟာရ မှာ ဖတ်ကြည့်နော်။ ရင်နှင်းသူငယ်ချင်းလေးတွေ အမြဲကျန်းမာလှပနေပါစေရှင်။

Subscribe to:
Posts (Atom)