Sunday, January 22, 2012
လူ့ဘ၀မှာ မစောင့်သင့်သော အရာများ
လူ့ဘ၀မှာ မစောင့်သင့်သော အရာများ
၁။ မစောင့်ပါနဲ့.... တပြားမှ မကျန်တော့မှ စုဆောင်းခြင်းတန်ဖိုးကို နားလည်တဲ့အချိန်အထိပေါ့....
၂။ မစောင့်ပါနဲ့... ရပါသေးတယ် ပြီးမှ စာကျက်မယ် အလုပ်လုပ်မယ် ကြိုးစားမယ် ဆိုတဲ့ အချိန်အထိပေါ့....
၃။ မစောင့်ပါနဲ့... အချိန်တွေ အများကြီးရှိသေးတယ်...ပြီးမှ ကုသိုလ် ပြုလုပ်မယ်ဆိုတဲ့ အချိန်အထိပေါ့...
၎။ မစောင့်ပါနဲ့... နာကျင်ခြင်းတွေ ခံစားရတော့မှ... စွန့်လွှတ်တော့မယ်ဆိုတဲ့ အချိန်ထိပေါ့....
၅။ မစောင့်ပါနဲ့...လူတစ်ယောက်ထွက်ခွာသွားမှ ...အဲဒီလူရဲ့တန်ဖိုးကို နားလည်တဲ့အချိန်ထိပေါ့....
၆။ မစောင့်ပါနဲ့...ရွယ်တူလူသားတွေ အောင်မြင်သွားမှ...မိမိရဲ့ မိုက်မဲမှုကို သဘောပေါက်တဲ့အချိန်ထိပေါ့....
၇။ မစောင့်ပါနဲ့... အသက်ကြီးတော့မှ မေ့ပျောက်ခြင်းတန်ဖိုးကို သင်ယူမယ်ဆိုတဲ့ အချိန်အထိပေါ့....
၈။ မစောင့်ပါနဲ့... မိတ်ဆွေကောင်းရဲ့တန်ဖိုးကို အထီးကျန်ဆန် ဘ၀ အခက်ကြုံ တော့မှ နားလည်တယ်ဆိုတဲ့ အချိန်အထိပေါ့....
၉။ မစောင်ပါနဲ့... ကိုယ်တကယ်ချစ်တဲ့ လူတစ်ယောက်ကို ချစ်တယ်လို့ ပြောဖို့ သင့်တယ်လို့ယူဆတဲ့ အချိန်အထိပေါ့...
၁၀။ မစောင့်ပါနဲ့ ...မိသားစုကို ပြုစုစောင့်ရှောက်ဖို့ လုံလောက် ပြည့်စုံတဲ့ အခွင့်အရေးရရှိတဲ့ အချိန်အထိပေါ့....
၁၁။ မစောင့်ပါနဲ့ ...မိဘကျေးဇူးကို ပြန်ဆပ်ဖို့ ကြွယ်ဝတဲ့ အောင်မြင်မှု ရတဲ့ အချိန်အထိပေါ့...
မစောင့်ပါနဲ့..... ကိုယ်ဆန္ဒရှိတဲ့ အရာကို နောက်တော့ ဒီမှာ ဆက်ဖြည့်မယ်ဆိုတဲ့ အချိန်အထိပေါ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment