Saturday, February 28, 2009

ဒဏ်ရာရလျှင် ရေနွေးသုံးမလား-ရေအေးသုံးမလား?


ရေခဲကိုသုံးခြင်းကြောင့် သွေးကြောမျှင်များကျုံပြီး ပိတ်သွားခြင်းကြောင့် ရောင်ခြင်းကိုသက်သာစေသည်။
(ဒဏ်ရာရလျှင် ရခြင်း ရေခဲသုံးသင့်သည်)
ရေနွေးကို ဒဏ်ရာသက်သာလာချိန်(သို့)အနာကျက်ချိန် တစ်ရှူးအတွင်ရှိ သွေးကြောကလေးများ ပိတ်နေသည်ကို ပွင့်စေရန် အပူ(ရေနွေးအိတ်)ကိုသုံးသင့်ပါသည်။
ကြွက်သားများကိုလည်းပျော့ပျောင်းစေပါသည်။

Thursday, February 26, 2009

မျှော်မြင်စဉ်းစား----ပညာရှိစကားများ

ကောင်းမွန်သည့်မှတ်ဥာဏ်ဆိုသည်မှာ
အရေးမကြီးသည့် ကိတ်စများကို မေ့ပစ်ရန် လေ့ကျင့်ထားခြင်းဖြစ်သည်။
A good memory is one trained to forget the trivial. (Uifton Fadiman)

နည်းနည်းဖတ် များများတွေး
နည်းနည်းပြော များများနားထောင်
ဤသည်မှာ ဥာဏ်ပညာရှိရန် နည်းလမ်းဖြစ်သည်။
Little reading, much thinking
Little speaking, much hearing
That is the way to be wise. (Anon)

Tuesday, February 24, 2009

တစ် - နေရာ

တစ် သက်တာမှာ
တစ် ထာဝရအတွက်
တစ် ယောက်သောသူကို
တစ် ခုသောအချစ်နှင့် ချစ်ခဲ့တယ်
တစ် ချိန်တုန်းကပေါ့- - -

Sunday, February 22, 2009

မျှော်မြင်စဉ်းစား----ပညာရှိစကားများ

အချိန်သည်ဘ၀၊အချိန်သည်အသက်၊အချိန်သည်အောင်မြင်မှု(သြရစ်ဆင်ဆွိမာဒင်)

ငွေသည် အပွားခတ်ရန်ဖြစ်သည်။အကျိုးမဲ့ သုံးရန် မဟုတ်(ဟိန်းဇေ)

ကြီးကြီး ကျယ်ကျယ် အောင်မြင်မှုစခဲ့တာ ကြီးကြီးကျယ်ကျယ်တွေးတာပါပဲ။(၀ီလ်ဖရက်အေပီတာဆင်)

မည်သည့် အချိန်တွင် ပြောဆိုရမည်ကို သိရှိသူသည်
မည်သည့် အချိန်တွင် တိတ်ဆိတ်နေရမည်ကိုသိရှိသည်။---။(ပညာရှင်တစ်ဦး)

နာမည်ကျော်ကြားခြင်း တိုးတက်ကြီးပွားခြင်း ဆိုသည်မှာ တစ်ဦးတည်းနှင့် မဖြစ်နိုင်။
လူထုတစ်ရပ်လုံးကို မိမိနှင့်အတူပါအောင် မခ်ါနိုင်ဘဲ နာမည်ကျော်လာသူဟူ၍လောကတွင်မရှိ(တက်ကသိုလ်ဆုမြိုင်)

လူအများမလုပ်နိုင်တာကိုလုပ်နိုင်ရင် တော်တယ်လို့ဆိုရမယ်။
တော်တဲ့လူမလုပ်နိုင်တာကို လုပ်နိုင်ရင်တော့ ထူးချွန်တယ်လို့ဆိုရမယ်။---။(၀စ်လ်ဟဲန်ရီ)

ရတုအဆက်ဆက်

--၁ နှစ် ----- စက္ကူ ရတု
--၂ နှစ် ----- ဂွမ်း ရတု
--၃ နှစ် ----- သားရေ ရတု
--၄ နှစ် ----- ပိုး ရတု
--၅ နှစ် ----- သစ်သား ရတု
--၆ နှစ် ----- သကြား ရတု
--၇ နှစ် ----- သက္ကလပ် ရတု
--၈ နှစ် ----- ကြေး ရတု
--၉ နှစ် -----ဥဿဖရား ရတု
၁၀ နှစ် ----- သံဖြူ ရတု
၁၁ နှစ် ----- သံမဏိ ရတု
၁၂ နှစ် -----ချည်ထည် ရတု
၁၃ နှစ်----- ဇာပန်း ရတု
၁၄ နှစ် -----ဆင်စွယ် ရတု
၁၅ နှစ် -----ကျောက်သလင်း ရတု
၂၀ နှစ် -----ကြေး ရတု
၂၅ နှစ် -----ငွေ ရတု
၃၀ နှစ် -----ပုလဲ ရတု
၃၅ နှစ် -----ကျောက်စိမ်း ရတု
၄၀ နှစ် -----ပတ္တမြား ရတု
၄၅ နှစ် -----နီလာ ရတု
၅၀ နှစ် -----ရွှေ ရတု
၅၅ နှစ်----- မြ ရတု
၆၀ နှစ်----- စိန် ရတု
၇၅ နှစ်----- စိန် ရတု

မှတ်ဥာဏ်ချို့တဲ့ရင်


ကမာကောင်ရဲ့ အသားကို စားပေးဖို့လိုပါတယ်။
သူ့ထဲမှာပါတဲ့ သွပ်ဓာတ်ဟာ စိတ်စွမ်းရည်ကို မြင့်မားစေပါတယ်။

Tuesday, February 17, 2009

အရိုးပြဿနာ


နာနတ်သီး များများစားပေးပါ။သူ့ထဲမှာပါတဲ့ မဂ္ဂနီစီယမ်ဟာ အရိုးကျိုး အရိုးပွကြွတ်ဆတ်တာကို ကာကွယ်ပေးပါတယ်။

Sunday, February 15, 2009

^_^ စိတ်လှဖို့က အဓိကပါ


ရုပ်လဲလှတယ် စိတ်လဲလှတယ်
ရုပ် လှတယ် စိတ်မလှဘူး
စိတ် လှတယ် ရုပ်မလှဘူး
စိတ်လည်းမလှ ရုပ်လည်းမလှ
ရုပ်အလှ မြင်ရသည်ထက်-စိတ်အလှမြင်ရအောင် ကြိုးစားပါ။
စိတ်လှဖို့က အဓိကပါ။

Saturday, February 14, 2009

Friday, February 13, 2009

Happy Valentines Day




ချစ်သူတိုင်းပျော်ရွှင်နိုင်ပါစေ လို့ဆုတောင်းလိုက်ပါတရ်
လွမ်းဆွေးခြင်းမှလဲကင်းဝေးနိုင်ပါစေ............
လက်ဆောင်အတွက်
http://s528.photobucket.com/albums/dd328/FragranceOfSweetness/valentines%20day/

အောင်ဆန်းဇာနည်

အောင်ဆန်းဇာနည်
ဖေဖေါ်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
မိခင် ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့ဘ၀င်ညိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့သား။

love

____???_____???___ __?_____?_?_____?__ __?______?______?__ ___?___LOVE ___?___ _____?_______?_____ _______?___?_______ _________?_________

Thursday, February 12, 2009

Wednesday, February 11, 2009

^_^


မိမိရဲ့ နဖူးထက်မှာ အတွန့်တွေ
အရေးအကြောင်း တွေ
ထင်ချင် ထင်နေပါစေ
နှလုံးသားပေါ်မှာတော့
အရေး အကြောင်းတွေ မထင်ပါစေနဲ့
စိတ်ဓာတ်ကို
အိုမင်းရင့်ရော် မသွားပါစေနဲ့. . . . .

Saturday, February 7, 2009

ဒဏ်ရာရလျှင် RICE ကိုသုံး

R-rest----- ဒဏ်ရာရထားသောနေရာကို မလှုပ်ရှားပဲနေ
I-ice----- ရေခဲ အိတ်ကိုကပ်ပါ
C-Compression----- သွေးထွက်နည်း(သို့)အရောင်ကျစေရန် အ၀တ်နဲ့ပတ်စည်းထားပါ
E-elevation----- ဒဏ်ရာရနေရာ(ခြေ(သို့)လက်)ကို အနည်းငယ်မြှင့်ထားပါ။

ပန်းနာရောဂါရှိရင်

ကြက်သွန်နီ များများစားပေးပါ။ အဆုတ်လေပြွန်ကျဉ်းလို့ ရင်ကျပ်တာကို သက်သာစေပါတယ်။

Thursday, February 5, 2009

ချောင်းဆိုးသက်သာစေဖို့

ငရုတ်ကောင်း အနီကိုစားသုံးပါ။
အစာအိမ်ရောဂါရှိရင်တော့ မတည့်ဘူးဆိုတာ သတိပေးပါရစေ။

Sunday, February 1, 2009

သေခါနီး-ဆိုးကျိုးများ

“လောဘ၏ဆိုးကျိုးများ”
တစ်စုံတစ်ခုကိုလိုချင်တပ်မက်သောစိတ်ဖြင့် သေလျှင် ပြိတ္တာဘုံရောက်သည်။
“ဒေါသ၏ဆိုးကျိုးများ”
တစ်စုံတစ်ယောက်ကို အမျက်ထွက်သော စိတ်ဖြင့် သေခဲ့လျှင် ငရဲဘုံသို့ ရောက်ရသည်။
“မောဟ၏ဆိုးကျိုးများ”
တွေဝေမိုက်မဲသော မောဟစိတ်ဖြင့်သေခဲ့လျှင် တိရစ္ဆာန်ဘုံသို့ရောက်သည်။
“သီလဖြင့်သေခြင်း”
သီလစင်ကြယ်သူအားစိတ်စင်ကြယ်ခြင်းကြောင့်လိုရာဆန္ဒ ပြည့်ဝကြပြီး သေခဲ့လျှင်သော် နတ်ပြည်ရောက်သည်။
“ဘာဝနာဖြင့်သေခြင်း”
ဘာဝနာဖြင့် အသေမြတ်ချင်သူများသည် မိမိအား သန်ရာ သမထကမ္မဋ္ဌာန်း တစ်ခုခုကိုလည်းကောင်း၊၀ိပဿနာကမ္မဋ္ဌာန်းကို၎င်း အချိန်ရနိုင်သလောက် ပွားများထားကြရမည်။
ဘယ်ဘာသာဝင်မဆို သေခါနီးအချိန်တွင် တခြားအာရုံကို စိတ်အရောက်မခံပဲ မိမိပွားများနေကျ အာရုံ(ဘာဝနာ/ဂါထာ)ကို ပွားများနေလိုက်ရုံသာရှိပါသည်။
အမြဲပွားများသော ဘာဝနာကိုမဆိုထားဘိသေခါနီး တခဏမျှပွားများရသော ဘာဝနာကြောင့် ဗြဟ္မပြည်ရောက်ရသောသာဓကများစွာရှိသည်။

သေနည်းကို ငယ်သည်ကြီးသည်မဟူ ယခုဆောင်းပါဖတ်ပြီးသည့်နှင့် ယခုပင် လေ့ကျင့်ပါတော့ဟု မေတ္တာရှေ့ထား၍ တိုက်တွန်းချင်ပါသည်။