ကော်ဇောပေါ်ကဖိရာ
မိမိတို့အိမ်က ကော်ဇောပေါ်မာ ကြီးမားလေးလံတဲ့ ပရိဘောဂတစ်ခုခု တင်ထားမိလို့ ချိုင့်ဝင်ပြီး အရာထင်နေတာကို နဂိုအတိုင်းပြန်ဖြစ်ချင်ရင် အဲ့ဒီနေရာမှာ ရေခံတုံးလေးသာတင်ထားလိုက်ပါ။ အဲ့ဒီရေခဲတုံးလေးအရည်ပျော်ပြီး ခြောက်သွားတဲ့အခါ ထင်ကျန်နေတဲ့ အချိုင့်ရာလဲ ပျောက်သွားပါလိမ့်မယ်။
မီးပူတိုက်ရမှာ ပျင်းရင်
မီးပူတိုက်ရတာ ပျင်းရိသူတွေအတွက် နည်းလမ်းကောင်းတခုပေးချင်ပါတယ်။ လျှော်ပြီးသားအ၀တ်တွေကို ရေထဲမှာ ၁၀ မိနစ်လောက်ကြာအောင် စိမ်ထားပါ။ ပြီးရင်ရေမညှစ်ပဲ အင်္ကျီဂျိတ်မှာ လှမ်းထားလိုက်ပါ။ဒီနည်းနဲ့ခြောက်သွားတဲ့ အင်္ကျီကို မီးပူတိုက်စရာမလိုပဲ ၀တ်နိုင်ပါတယ်။
အ၀င်ဆိုးတဲ့ဆေးသောက်ဖို့
တချို့ဆေးတွေကခါးလွန်းလို့ အ၀င်ဆိုးနေပါသလား။ဆေးမသောက်ခင် ရေခဲတုံးလေးတစ်တုံးကို တစ်အောင့်ငုံထားလိုက်ပါ။ လျှာတွေအေးပြီး ထုံကျဉ်နေတုန်းမှာ ဆေးသောက်ချလိုက်ပါ ဘယ်လောက်ခါးခါး ဘာအရသာမှ မခံစားရတော့ပဲ ရှောရှောရှူရှူ ၀င်သွားပါလိမ့်မယ်။
ကော်တွေခွာမယ်
သင့်လက်ချောင်းတွေမှာ ကော်တွေခွာမရအောင် ကပ်နေပြီလား။ စိတ်မညစ်နဲ့နော်။ လက်ချောင်းတွေကို ရှာလကာရည် စိမ်ထားတဲ့ အ၀တ်စတစ်စ နဲ့ ပွတ်ပေးပါ ကပ်နေသမျှကော်တွေကွာသွားပါလိမ့်မယ်။
စတီးလ်ထည်အပောာင်းတွေကို အသစ်ဖြစ်ချင်ရင်
မန်ကျည်းရည်ထဲမှ မိနစ်အနည်းငယ်လောက်စိမ်ထားပါ။ ပြီးရင် ပန်းကန်ဆေးဆပ်ပြာနဲ့ ဆေးကြောပစ်လိုက်ပါ။ အသစ်အတိုင်း တောက်ပ သွားပါလိမ့်မယ်။
ဗိုက်အောင့်ကုထုံး
အစာအိမ်ရောဂါကြောင့် ရုတ်တရတ် ဗိုက်အောင့်လာရင် ငှက်ပျောသီးတစ်လုံးကို ညက်ညက်ပါအောင် တဖြည်းဖြည်းဝါးစားလိုက်ပါ။ သင်ဆေးခန်းမရောက်ခင် ဗိုက်အောင့် ပျောက်သွားပါလိမ့်မယ်။
ငှက်ပျောသီးရေခဲမုန့်စားရအောင်
အမှည့်လွန်နေတဲ့ ငှက်ပျောသီးတွေကို လွှင့်မပစ်နဲ့နော်။ အခွံတွေခွာပြီး ရေခဲသေတာထဲ ထည့်ထားလိုက်ပါ။ အေးခဲသွားပြီးဆိုရင် ဖျော်ရည်စက်ထဲ ထည့်ပြီး အနှစ်တွေဖြစ်အောင် မွှေလိုက်ပါ။အဲ့ဒီငှက်ပျောနှစ်အရသာက အဆီဓါတ်မပါတဲ့ ငှက်ပျောသီး ရေခဲမုန့်ရဲ့ အရသာနဲ့ ထပ်တူပါပဲ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတဲ့ အချိုပွဲပေါ့။
အပြောင်းအလဲ မြန်တဲ့ သကြား
သကြားတွေက ခွဲခြေလို့မရအောင် မာကျောသွားပြီဆိုရင် အဲ့ဒီသကြားခဲကြီးကို ဇလုံတခုထဲမှာ ထည့်ထားပြီး အ၀တ်ရေစိုနဲ့ တစ်ညလောက် ဖုံးအုပ်ထားလိုက်ပါ။ နောက်တစ်နေ့ မနက်မှာ မယုံနိုင်လောက်အောင် ပြောင်းလဲ သွားတာကို တွေ့ရပါလိမ့်မယ်။
No comments:
Post a Comment